ချောက်မြို့မဈေးအတွင်း သက်တမ်းလွန်စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
DVB
·
December 4, 2017
ချောက်မြို့မဈေးအတွင်း ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ စားသုံးရန်မသင့် သက်တမ်းလွန် စားသောက်ကုန်တွေ ရောင်းချနေတာ တွေ့ရှိခဲ့တယ်လို့ စည်ပင်က ပြောပါတယ်။
ချောက်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ချောက်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မြို့မဈေးအတွင်းမှ မုန့်မျိုးစုံဆိုင်နဲ့ ကုန်စုံဆိုင် ၁၁ ဆိုင်ကို ဝင်ရောက် စစ်ဆေးခဲ့တာပါ။
ဝင်ရောက်စစ်ဆေးတဲ့ ၁၁ ဆိုင်ထဲမှ ၆ ဆိုင်မှာ သက်တမ်းလွန် မှိုစွဲမုန့်တွေ တွေ့ရှိခဲ့တယ် လို့ ချောက်မြို့နယ် စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးနေမန်းက ဆိုပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စားသုံးသူရေးရာ ဦးစီးဌာန ချောက်မြို့နယ် ဦးစီးမှူး ဦးမျိုးဝင်းက “စစ်ဆေးတွေရှိတဲ့ သက်တမ်းလွန် စားသုံးရန်မသင့် အစားအစာတွေက ကိတ်မုန့်၊ သရက်ကင်၊ ဆိတ်သားကင်နဲ့ ရွှေပင်ငွေပင်မုန့်တို့ကို သိမ်စည်းပြီး ပထမဆုံးအနေနဲ့ အသိပညာပေးတယ်။ ဒုတိယအနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးမယ်၊ တတိယအကြိမ် တွေ့ရှိလာရင်တော့ အရေးယူဆောင်ရွက်မှုကို ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
သတင်း - ကိုလင်း(ချောက်)