ကနီမြို့အနီး ရစ်(ခ်ျ)တာစကေး ၄.၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
December 4, 2017
မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်း ကနီမြို့ရဲ့ အနောက်- အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်ျ)တာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ကြေညာပါတယ်။
ဒီဇင်ဘာ ၃ ရက် မြန်မာစံတော်ချိန် ၁၆ နာရီ ၁၇ မိနစ် ၁၄ စက္ကန့် အချိန်မှာ မန္တလေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၁၀၈ မိုင်ခန့် ကွာဝေးတဲ့နေရာမှာ လှုပ်ခတ်သွားတာဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရပါဘူး။
ဓာတ်ပုံ-မိုးဇလ