ပရီးမီးယားလိဂ် မန်စီးတီး ၂-၁ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ၀က်စ်ဟမ်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဧည့်သည် ၀က်စ်ဟမ်းအသင်းရဲ့ နောက်ခံလူ အန်ဂျလို အိုဘီဇင်က ပွဲချိန် ၄၄ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ ၀က်စ်ဟမ်းအသင်းက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ နီကိုလတ်စ်နဲ့ ဒေးဗစ်ဆေးဗားတို့က ပွဲကစားချိန် ၅၅ နဲ့ ၈၃ မိနစ်တို့မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာက မန်ယူအသင်းကို ၈ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နေပါတယ်။ ၀က်စ်ဟမ်းအသင်းကတော့ တန်းဆင်းဇုန်အောက်ဆုံးရဲ့ ဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် တခြားပွဲစဉ်တခုမှတော့ ဘုန်းမောက်အသင်းနဲ့ ဆောက်သမ်ပတန်အသင်တို့ ပွဲစဉ်မှာတော့ ၁-၁ ဂိုးစီး သရေကျသွားပါတယ်။

More News
Up