A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် သင်္ဘောနှင့်တိုက်မှု၍ ငါးဖမ်းလှေနစ်မြုပ်၊ ၈ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ ဒီဇင်ဘာ ၃ ရက်နေ့က တောင်ကိုရီးယား ငါးဖမ်းလှေတစီး ဆီလာဖြည့်တဲ့ သင်္ဘောနဲ့တိုက်မိပြီး နစ်မြုပ်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးတယ်လို့ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ ဆိုးလ်မြို့ အနောက်ပိုင်း အင်ချုံမြို့နားက ရေပြင်မှာ တိုက်မိနစ်မြုပ်နေချိန်မှာ လှေပေါ်မှာ သင်္ဘောသား ၂ ဦးနဲ့ ခရီးသည် အယောက် ၂၀ ပါတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ လူ ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး ရဟတ်ယာဉ် ၅ စီးနဲ့ သင်္ဘော ၁၉ စီးပါတဲ့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့က လူပျောက်ရှာနေပါတယ်။ တိုက်မိတဲ့ အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းလည်း အမျိုးသားအရေးပေါ် စီမံရေးဌာနကို လာရောက်ပြီး ပျောက်ဆုံးသူတွေကို ရှာဖွေရေးလုပ်ဖို့ အမိန့်ပေးသွားတယ်လို့ သမ္မတ အိမ်ပြာတော်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up