A d v e r t i s e m e n t With Us

၁၂ ထပ်အမြင့်မှ တွဲလောင်းချိတ်ခုန်ချထွက်ပြေးသည့် ဓားပြ (ရုပ်သံ)

တရုတ်နိုင်ငံမှာ ဓားပြမှုသံသယနဲ့ ၀ရမ်းထုတ်ခံထားရတဲ့ အမျိုးသားတဦးကို ရဲတွေက လိုက်လံဖမ်းဆီးချိန်မှာ ဟိုတယ် ၁၂ ထပ်အခန်းမှ တွဲလောင်းချိတ် ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ရဲတွေက သူရှိနေရာ ဟိုတယ်အခန်းဆီ မှတ်ပုံတင်နဲ့ တိုက်စစ်ဖို့ ရောက်လာချိန်မှာ သူက အခန်းပြင်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ဘာအ၀တ်မှမပါဘဲ အတွင်းခံဘောင်းဘီ တထည်သာ ၀တ်ထားခဲ့တာကို တွေ့ရပါတယ်။ အသက် ၂၄ နှစ်အရွယ် တရားခံဟာ တခြားအခန်းတခုထဲကို ခိုးဝင်ဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေက သူ့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖူဂျီအန်းခရိုင်၊ ပူတီအန်းမြို့၊ ဟူလန်ဟိုတယ်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒေသတွင်းရဲတွေက သတင်းအရ လိုက်လံစုံစမ်းခဲ့တာလို့ ဆိုပါတယ်။ ဟိုတယ်ဝန်ထမ်းတဦးက အဆိုပါအမျိုးသားဟာ မှတ်ပုံတင်ကတ်အတုနဲ့ တည်းခိုနေထိုင်တယ်လို့ သံသယရှိပြီးတဲ့နောက်မှာ ရဲစခန်းဆီ အကြောင်းကြားခဲ့တာပါ။ ယုအမည်ရတဲ့ အဆိုပါအမျိုးသားဟာ ရဲတွေက အခန်းတံခါးခေါက်ချိန်မှာ ပြတင်းပေါက်ကနေ ခိုတွယ်ပြီး အောက်ထပ်ဝရံတာဆီ ခိုတွယ်ဆင်းခဲ့ကာ နောက်ထပ်အခန်းတခန်းဆီ ခိုးဝင်ခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက သူ့ကို တံခါးဖွင့်ပေးဖို့ နာရီဝက်လောက် ညှိနှိုင်းခဲ့ရပြီးနောက်မှာမှ တံခါးဖွင့်ပေးခဲ့ပြီး ဖမ်းဆီးခံခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သူဟာ မှတ်ပုံတင်အတုနဲ့ ဟိုတယ်မှာ တည်းခိုနေထိုင်ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး ရဲတွေကတော့ အဆိုပါအမျိုးသားဟာ ရှန်ဇီခရိုင်ရဲဌာနက အလိုရှိနေတဲ့ ဖမ်းဝရမ်း ထုတ်ထားသူတဦး ဖြစ်တယ်လို့ အတည်ပြု ပြောပါတယ်။ သူ့ကို ဖမ်းဆီးစစ်ဆေးပြီးနောက်မှာတော့ ရှန်ဇီခရိုင် ရဲဌာနဆီ ဆက်လက်ပို့ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up