ဂျပန် နိုင်ငံတကာကျန်းမာရေးဖိုရမ် သမ္မတဦးထင်ကျော် တက်ရောက်မည်
DVB
·
December 3, 2017
မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ကျန်းမာရေးဖိုရမ် (UHC Forum) ကို တက်ရောက်ဖို့ ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာကျန်းမာရေးဖိုရမ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတကာအဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း UHC က သတင်းထုတ်ပြန်ထားပါသည်။
နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေး နဲ့လည်း တွေ့ဆုံဆွေးနွေးမှုအပါအ၀င် ဂျပန်အစိုးရရဲ့ သီးခြားအစီအစဉ်တွေလည်း ပါဝင်ပြီး ဒီဇင်ဘာလ ၁၂ ရက်မှ ၁၉ ရက်နေ့အထိ တပတ်ကြာမြင့်မှာလည်းဖြစ်ပါတယ်။