A d v e r t i s e m e n t With Us

အာဂျင်တီးနား မြို့ဗျူနိုအေးရိစ်က စုပေါင်းတန်ဂိုကပွဲ

အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေးရိစ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့က စုပေါင်းတန်ဂိုကပွဲကို ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားတန်ဂိုနေ့ အထိမ်းအမှတ် အနေနဲ့ နှစ်စဉ်ပြုလုပ်တဲ့ အခမ်းအနားမှာ ဒီနှစ်တော့ တန်ဂိုကပွဲကို မြို့တော်ရှိ လမ်းတွေပေါ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ “အဘွားဘ၀မှာ အခုလို  ဖြစ်လာတာ အပျော်ဆုံးလို့ ဆိုရမယ်။ တန်ဂိုအကကို ဒီအဆင့်ထိ ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ အခုဆို မြို့တော်က နေရာတိုင်းမှာ တန်ဂိုအက ကနေကြပြီ” လို့ အသက် ၇၅ နှစ်အရွယ် တန်ဂိုကသူ အဘွားက ပြောခဲ့ပါတယ်။ “ဒီလို တန်ဂိုကပွဲတွေကို စီစဉ် ပေးတာ သိပ်ကို ကောင်းပါတယ်” လို့ အသက် ၇၇ နှစ် အရွယ် အဖိုးကလည်းပြောခဲ့ပါတယ်။ တန်ဂိုတေးသွားဖန်တီးသူတွေက တက်တက်ကြွကြွ ဖျော်ဖြေနေစဉ်မှာ လမ်းမပေါ်မှာ အရွယ်အမျိုးမျိုးသော စုံတွဲတွေဟာ တေးသွားနဲ့အညီ တန်ဂိုအကကို ခုံမင်နှစ်သက်စွာ ကနေကြပါတယ်။ “ကျမတို့ အတူတွဲပြီး တန်ဂိုကလာတာ အနှစ် ၂၀ လောက်ရှိပါပြီ။ တကြိမ်ထက် တကြိမ် ပိုပို စွဲလမ်းလာတယ်” လို့ တန်ဂိုကပွဲ ဆင်နွှဲသူ အမျိုးသမီးက ပြောခဲ့ပါတယ်။ “မြို့တော် ဗျူနိုအေးရိစ်မှာ အခုလို တန်ဂိုအကပွဲတော် ဆင်နွှဲရတဲ့အတွက် သိပ်ကိုကံကောင်းပါတယ်” လို့ လည်း အမျိုးသားက ပြောခဲ့ပါတယ်။ တန်ဂိုအကဟာ ၁၉ ရာစု အစောပိုင်းက မြို့တော် ဗျူနိုအေးရိစ်ရှိ အလုပ်သမားလူတန်းစားရှိရာ ဆိပ်ကမ်းတွေကနေ စတင်ခဲ့ပြီး အခုအခါမှာတော့ ကမ္ဘာအနှံ့  ရေပန်းစားလျက်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up