Live
Home
မေးမြန်းခန်း
မြန်မာနှစ်သစ်ကူး​ နှုတ်ခွန်း​ဆက်စကား​နှင့်​ ဆု​တောင်း​များ​ (​မေး​မြန်း​ခန်း​)
ပီတာအောင်
·
April 16, 2012
မြန်မာနှစ်သစ်ကူး​တဲ့​ အထူး​အစီအစဉ်အဖြစ် ဘာသာ​ရေး​၊​ နိုင်ငံ​ရေး​နဲ့​ စာ​ပေနယ်က ထင်ရှား​သူ​တွေရဲ့​ မြန်မာပြည်သူ​တွေအတွက် နှစ်သစ်ကူး​ နှုတ်ခွန်း​ဆက်စကား​နဲ့​ ဆု​တောင်း​တွေကို တင်ဆက်​ပေး​သွား​မှာပါ။ ရွှေညဝါဆရာ​တော် [caption id="attachment_24119" align="alignright" width="300" caption="ရွှေညဝါဆရာတော်"][/caption] “ရာသီ​တွေကူး​ပြောင်း​တဲ့​ နှစ်သစ်ကူး​ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသား​အား​လုံး​လည်း​ပဲ စိတ်သစ်ကိုယ်သစ်၊​ အပြုသ​ဘော​ဆောင်တဲ့​ ​စေတနာအသစ်​တွေနဲ့​ တိုင်း​ပြည်ကြီး​ကို မင်္ဂလာရှိစွာနဲ့​ အမြန်ဆုံး​ ဖွံ့​ဖြိုး​တိုး​တက်​အောင် အမျိုး​သား​ပြန်လည်သင့်​မြတ်မှု​တွေလည်း​ အမြန်ဆုံး​တိုး​တက်လာ​အောင် ဒကာမကြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူတကွ လွှတ်​တော်မှာရှိ​နေတဲ့​ လူကြီမင်း​တွေအား​လုံး​ လက်တွဲညီညွတ်စွာနဲ့​ ​ဆောင်ရွက်နိုင်ကြပါ​စေလို့​ ဘုန်း​ကြီး​တို့​ နှစ်သစ်ကူး​ဆု​တောင်း​အ​နေနဲ့​ ဆန္ဒပြုပါတယ်။” ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​ သခင်ချန်ထွန်း [caption id="attachment_24120" align="alignleft" width="300" caption="ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း​"][/caption] ၁၃၇၃ ခုနှစ်က​နေပြီး​ ၁၃၇၄ ခုနှစ်ကို ​ပြောင်း​တဲ့​ နှစ်ဆန်း​တရက်​နေ့​ အခါ​တော်သမယကြီး​မှာ မြန်မာနိုင်ငံသူ နိုင်ငံသား​အား​လုံး​ ​ဘေး​ရန်ကင်း​ရှင်း​ပြီး​ ကြံတိုင်း​အောင်၍ ​ဆောင်တိုင်း​မြောက်ကြပါ​စေ။ ပြည်သူလူထုကို ကိုယ်စား​ပြုတဲ့​ အစိုး​ရနဲ့​ အမြန်ဆုံး​တွေ့​ကြပါ​စေ။ ကမ္ဘာသူကမ္ဘာသား​အား​လုံး​ ကျန်း​မာချမ်း​သာကြပါ​စေလို့​ ဆု​တောင်း​လိုက်ပါတယ်။ ဦး​ခွန်ထွန်း​ဦး​ (ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ) [caption id="attachment_24121" align="alignright" width="300" caption="ဦးခွန်ထွန်းဦး​"][/caption] “ကျ​နော်တို့​ SNLD (ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်) ရဲ့​ ဆန္ဒအ​နေနဲ့​က​တော့​ ကိုယ်တိုင်လည်း​ အထဲမှာ ခံစား​ခဲ့​ရတယ်​လေ။ တစ်အချက်အ​နေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ရှိ​သေး​တယ်ဗျာ။ သက်ဆိုင်ရာက​နေပြီး​တော့​ အမြန်ဆုံး​ပြန်လွှတ်​ပေး​ဖို့​ မိသား​စု​တွေရဲ့​ ကိုယ်စား​ ​တောင်း​ဆိုချင်ပါတယ်။ သူတို့​လည်း​ အထဲမှာ​နေရတာ ကြာ​နေပြီကိုး​။ ဒါကို ပထမဦး​စား​ပေး​အ​နေနဲ့​ လုပ်​ပေး​ဖို့​ ​မျှော်လင့်​ပါတယ်။ ဒုတိယအ​နေနဲ့​က​တော့​ အခု သွား​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ စကား​ဝိုင်း​က ထင်သ​လောက်မ မြန်လာဘူး​ ဖြစ်​နေတယ်။ တိုင်း​ပြည်ရဲ့​ အ​ခြေအ​နေဟာ လုပ်ရင်း​နဲ့​ လုံး​လုံး​တော့​ ငြိမ်း​ချမ်း​ရေး​ ရဖို့​တော့​ တာစူ​နေပြီ​ပေါ့​။ ​ရှေ့​မတိုး​ ​နောက်မဆုတ်သာ ဖြစ်​နေတဲ့​အတွက်​ကြောင့်​ ငြိမ်း​ချမ်း​ရေး​အတွက် အမြန်အား​စိုက်ပြီး​ လုပ်ကြပါလို့​ ကျ​နော် တိုက်တွန်း​ချင်ပါတယ်။ တတိယအချက်က​တော့​ တိုင်း​ရင်း​သား​တွေ​မျှော်မှန်း​တဲ့​ စစ်မှန်တဲ့​ ဖက်ဒရယ်ပြည်​ထောင်စုနဲ့​ တန်း​တူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ ဆိုတာကိုလည်း​ ကျ​နော်တို့​ SNLD နဲ့​ တိုင်း​ရင်း​သား​အား​လုံး​ ရချင်တဲ့​အရာ။ အမြန်ဆုံး​ ရနိုင်ပါ​စေလို့​။” ဦး​ပူကျင့်​ရှင်း​ထန် (ဇိုမီး​အမျိုး​သား​ကွန်ဂရက်ဥက္ကဋ္ဌ) [caption id="attachment_24122" align="alignleft" width="300" caption="ဦးပူကျင့်ရှင်းထန်"][/caption] “အခုက နှစ်သစ်ကူး​တော့​မယ်။ ကျ​နော်တို့​ ​မျှော်လင့်​နေတဲ့​ဟာ နည်း​နည်း​တော့​ ​ရောင်ခြည်သန်း​လာတဲ့​သ​ဘောပါ။ ဒါ​ပေမယ့်​ သူတို့​က လွှတ်​တော်လည်း​ ​ခေါ်ဦး​မယ်၊​ လွှတ်​တော်​ခေါ်တဲ့​အခါမှာ ဘာ​တွေဖြစ်လာမယ်။ အန်အယ်လ်ဒီ ၄၃ ​နေရာ​လောက် ​အောင်မြင်တယ်ဆို​ပေမယ့်​ ဒီဟာ​တွေဟာ တကယ်ပဲ အတည်ပြုလား​၊​ အစိုး​ရအ​နေနဲ့​ ​ကြေညာတဲ့​နေရာမှာ စာရင်း​အင်း​တွေဘာ​တွေ မတင်ပြဘူး​များ​ လာမလား​။ အဲ့​ဒါ​တွေ ပူ​နေရ​သေး​တယ်။ ဘာပဲဖြစ်ဖြစ် ခါတိုင်း​ထက်​တော့​ နည်း​နည်း​ကောင်း​လာတယ်လို့​ ယူဆတယ်။ အဲဒါ​ကြောင့်​ နှစ်သစ်ကူး​မှာလည်း​ အား​လုံး​ ဒီစိတ်နဲ့​ပဲ နှစ်သစ်ကို ကူး​ကြပါစို့​လို့​ မှာကြား​လိုပါတယ်။ ၁၉၄၈ ခုနှစ်က စပြီး​တော့​ ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေနဲ့​ ပြည်​ထောင်စုမြန်မာနိုင်ငံမှာ ပြဿနာ​တွေဖြစ်​နေတယ်၊​ ​သေနတ်သံ​တွေ အခုထိ မစဲဘူး​ဖြစ်​နေတယ်။ အား​လုံး​ နှစ်သစ်ကူး​မှာ ငြိမ်း​ချမ်း​ရေး​ ဖြစ်နိုင်ကြဖို့​ ဆု​တောင်း​ကြပါစို့​လို့​လည်း​ ကျ​နော် မှာကြား​လိုပါတယ်။ ဒေါက်တာတူး​ဂျာ (ကချင်တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်) [caption id="attachment_24123" align="alignright" width="300" caption="​ဒေါက်တာတူးဂျာ"][/caption] “တိုင်း​ပြည်ပိုမို​အေး​ချမ်း​သာယာပြီး​ တိုး​တက်ဖွံ့​ဖြိုး​လာ​စေဖို့​ အများ​ကြီး​ ဆု​တောင်း​ပေး​ပါတယ်။ အခု ငြိမ်း​ချမ်း​ရေး​ကလည်း​ အခုတည်​ဆောက်​နေဆဲဆို​တော့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်တဲ့​ ​နေရာမှာလည်း​ ပိုပြီး​မှန်ကန်မြန်ဆန်ဖို့​။ ထာဝရငြိမ်း​ချမ်း​ရေး​ အမြန်ရရှိ​စေချင်တယ်။ တတိုင်း​ပြည်လုံး​မှာရှိတဲ့​ ပြည်သူလူထု​တွေအား​လုံး​ ​ပျော်ရွှင်ချမ်း​မြေ့​နိုင်ဖို့​ပေါ့​။ ပြည်နယ်တခုခု၊​ ​ဒေသတခုခု ကျန်ရစ်ခဲ့​တာမျိုး​ မရှိ​စေဘဲနဲ့​ အား​လုံး​လက်တွဲညီညီနဲ့​ လက်ရည်တပြင်တည်း​နဲ့​ ​ခေတ်သစ်၊​ စနစ်သစ်မှာ အား​လုံး​ ​ပျော်​ပျော်ရွှင်ရွှင်နဲ့​ အတူယှဉ်တွဲ ​နေထိုင်သွား​ဖို့​ ကျ​နော်အ​နေနဲ့​ ဆု​တောင်း​ချင်တယ်။” ကိုကိုကြီး​ (၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်) [caption id="attachment_24124" align="alignleft" width="300" caption="ကိုကိုကြီး"][/caption] “ကျ​နော်တို့​ နှစ်တနှစ်ကုန်ဆုံး​လို့​ နှစ်တနှစ်ကူး​ပြောင်း​တယ်ဆိုတာဟာ ပြက္ခဒိန်တရွက် ပြက္ခဒိန်တအုပ် ​ပြောင်း​လိုက်တာထက် အများ​ကြီး​ ​လေး​နက်ပါတယ်။ အထူး​သဖြင့်​ ကျ​နော်တို့​နိုင်ငံက ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ကာလကို ​ရောက်​နေတဲ့​အချိန်မှာ လူ​တွေရဲ့​ စိတ်​နေစိတ်ထား​တွေ ​ပြောင်း​လဲဖို့​က သိပ်အ​ရေး​ကြီး​ပါတယ်။ ဒါမှလည်း​ နှစ်သစ်တခုကို ကူး​ပြောင်း​တယ်။ ​ခေတ်သစ်တခုကို ချဉ်း​နင်း​ဝင်​ရောက်တယ်လို့​ ​ပြောနိုင်မှာ ဖြစ်ပါတယ်။ အထူး​သဖြင့်​ ကျ​နော်တို့​နိုင်ငံမှာ အစဉ်တစိုက် ကျင့်​သုံး​လာခဲ့​တဲ့​ အမူအကျင့်​ဟောင်း​တွေ။ အဲ့​ဒါ​တွေကို ​ပြောင်း​ဖို့​လိုပါတယ်။ အဲ့​တော့​ ကျ​နော် အထူး​သဖြင့်​က​တော့​ အစိုး​ရကို ပြည်သူစိတ်​ပေါက်လာ​အောင် ​ပြောင်း​ပစ်ရမှာပါ။ ပြည်သူကိုလည်း​ အစိုး​ရစိတ်​ပေါက်လာ​အောင် ​ပြောင်း​ပစ်ရမှာပါ။ ဒါမှသာ နိုင်ငံ​တော်ရဲ့​ အချုပ်အခြာအာဏာသည် နိုင်ငံသား​များ​မှ တိုက်ရိုက်ဆင်း​သက်သည်ဆိုတဲ့​ အ​ခြေခံမူနဲ့​အညီ ပြည်သူ​တွေက အချုပ်အခြာအာဏာပိုင်တဲ့​၊​ ကိုယ့်​အ​ရေး​အရာ​တွေကို ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆုံး​ဖြတ်နိုင်တဲ့​ ​ခေတ်တ​ခေတ်ကို ​ရောက်မှာဖြစ်တယ်။ အုပ်ချုပ်သူ အစိုး​ရ​တွေကလည်း​ ကိုယ့်​ကိုကိုယ် ဘုရင်စိတ်​မွေး​နေတာ​တွေ ​ဖျောက်ပြီး​တော့​ ငါဟာလည်း​ ပြည်သူ​တွေထဲက ပြည်သူပဲ။ ပြည်သူ​တွေရဲ့​ အကျိုး​ကိုပြုဖို့​ ပြည်သူ​တွေက ​ရွေး​ချယ်ထား​တဲ့​ အစိုး​ရဖြစ်တယ်။ ပြည်သူ​တွေရဲ့​ အကျိုး​ကို ထမ်း​ဆောင်​ပေး​ရမယ့်​ တာဝန်ကို ငါတို့​ ထမ်း​ရွက်​နေတာဖြစ်တယ်ဆိုတဲ့​ အ​တွေး​မျိုး​ပေါ့​လေ။ အဲ့​လို စိတ်ကူး​ အ​တွေး​မျိုး​ ​ပြောင်း​လဲပစ်မှသာ နှစ်သစ်ကို​ပြောင်း​တယ်။ ​ခေတ်သစ်တခုကို ကူး​ပြောင်း​ဝင်​ရောက်တယ်လို့​ ​ပြောလို့​ရမှာပါ။” ကိုမင်း​ကိုနိုင် (ဂဂမျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်) [caption id="attachment_24125" align="alignright" width="300" caption="ကိုမင်းကိုနိုင်"][/caption] “ဒီနှစ်က​တော့​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ဆိုပြီး​ ကျ​နော်တို့​ တပြည်လုံး​လိုက်ပြီး​တော့​ ​ဆော်ဩပြီး​တော့​ လုပ်​တော့​ ကျ​နော်တို့​ဆီကို ပြည်သူ့​နစ်နာဆုံး​ရှုံး​မှု​တွေကို ပွင့်​ပွင့်​လင်း​လင်း​ လာပြီး​တော့​ တိုင်တည်တာ​တွေ ကြုံရတဲ့​နှစ်ဖြစ်တယ်။ နှစ်ကူး​ပွဲ​တော်ကို​တောင် ကျ​နော်တို့​ ​ခေါင်း​ဖော်ပြီး​ မကြည့်​နိုင်တာကြည့်​တော့​။ ရုံး​ခန်း​ကို ​နေ့​တိုင်း​လာပြီး​တော့​ တိုင်လိုက်ကြတဲ့​ ပွင့်​ပွင့်​လင်း​လင်း​ အမှု​တွေ။ မတရား​ခံရတဲ့​ ပြည်သူ​တွေရဲ့​ ဘဝ​တွေ။ ဒါ​တွေကို ဖတ်ရ ကြား​ရ နား​ထောင်ရ ပြန်ပြီး​တော့​ အား​ပေး​ရ။ ဒါ​တွေကို တကမ္ဘာလုံး​ သိ​အောင် အာဏာပိုင် အဖွဲ့​အစည်း​အဆင့်​ဆင့်​ သိ​အောင်။ အ​ရေး​ယူ​ဆောင်ရွက်​ပေး​မှု​တွေရှိ​အောင် လုပ်​ပေး​ရတဲ့​အတွက် ဒီနှစ်ကူး​ကို​တော့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ အသက်ဝင်တဲ့​အ​နေနဲ့​ ဝမ်း​မြောက်စရာဖြစ်တယ်ဆိုတဲ့​ အချက်နဲ့​တင် နှစ်သစ်ကူး​ကို ကြိုဆိုဖို့​ အခွင့်​အ​ရေး​သာပါတယ်။ နောက်တခုက အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ အိမ်မပြန်နိုင်​သေး​ကြတဲ့​ ​ထောင်ထဲမှာ ရှိတဲ့​ လက်ကျန် ကျ​နော်တို့​ ရဲ​ဘော်​တွေ​ရော၊​ နိုင်ငံတကာမှာ​ရောက်​နေတဲ့​ ကျ​နော်တို့​ ရဲ့​ ​သွေး​ချင်း​ညီအစ်ကို​မောင်နှမ​တွေ အား​လုံး​ရော​ပေါ့​ဗျာ။ ပြည်တွင်း​က​နေ ဒီမှာ ပိ​တောက်​တွေလည်း​ ပွင့်​နေပြီဗျာ။ သင်္ကြန်​တေး​နဲ့​ တူး​ပို့​တူး​ပို့​ဗုံသံ​တွေလည်း​ ကြား​နေရတယ်ဆို​တော့​ ကျ​နော် သူတို့​အား​လုံး​ကို လွမ်း​တယ်။ သူတို့​အား​လုံး​နဲ့​ အ​မေ့​အိမ်မှာ ပြန်ဆုံပြီး​တော့​ မုန့်​လုံး​ရေ​ပေါ် စား​ချင်တယ်။ အဲ့​ဒီ ကျ​နော်တို့​အား​လုံး​ရဲ့​ ဆန္ဒ​တွေ ဒီနှစ်ကူး​မှာလည်း​ ပြည့်​ဖို့​ မ​သေချာသလို ခံစား​နေရတဲ့​အခါ စိတ်ထဲမှာ​တော့​ လွမ်း​လွမ်း​ဆွေး​ဆွေး​ကြီး​ ဖြစ်တာ​ပေါ့​။ ဒါ​ပေမယ့်​ မကြာခင်မှာ ကျ​နော်တို့​ အား​လုံး​ပြန်ဆုံနိုင်​အောင် ပြန်လာချင်တဲ့​သူအား​လုံး​လည်း​ ဂုဏ်သိက္ခာရှိရှိနဲ့​ ပြန်လာနိုင်​အောင် ကျ​နော်တို့​ ကြိုး​စား​မယ်။ ​ခေါင်း​ငုံ့​ပြီး​တော့​ ပြန်လာရတာမျိုး​ မလိုချင်ဘူး​။ အပြစ်မရှိဘဲနဲ့​ အမှန်တရား​အတွက် တိုက်ပွဲဝင်သွား​ကြတဲ့​ လူတိုင်း​ဟာ ​ခေါင်း​မော့​ရင်​ကော့​ပြီး​တော့​ ပြန်လာရမယ်။ သူတို့​ ပြန်လာပုံပြန်လာနည်း​ကို ကျ​နော်တို့​ ကြိုး​စား​နေတာ။ အကုန်လုံး​ပြန်ဆုံကြတဲ့​ အခါ ဧရာဝတီဆိုတဲ့​ ကျ​နော်တို့​ရဲ့​ မိခင် မြစ်ကမ်း​န​ဘေး​မှာ ဧရာဝတီနဲ့​တကွ မြန်မာပြည် တခုလုံး​ကို ကျ​နော်တို့​ ဆက်ပြီး​ ကာကွယ်​စောင့်​ရှောက်ဖို့​ ​နောင်လာမယ့်​ မျိုး​ဆက်သစ်​တွေ လက်ထဲကို ပို​ကောင်း​တဲ့​အနာဂတ်တခု လက်လွှဲနိုင်ဖို့​အတွက် ကျ​နော်တို့​ အား​လုံး​ ညီအစ်ကို​မောင်နှမ​တွေ ပြန်ဆုံပြီး​တော့​ အလုပ်​တွေ လုပ်ကြရဦး​မယ်။ အား​လုံး​ကိုလည်း​ ကျ​နော်တို့​ ​မျှော်လင့်​နေတယ်။ ကြိုဆို​နေတယ်လို့​ ​ပြောရင်း​နဲ့​ နှစ်သစ်ကူး​ နှုတ်ခွန်း​ဆက်ပါတယ်။” ဆရာ​ကျော်ရင်မြင့်​ (စာ​ရေး​ဆရာ) [caption id="attachment_24126" align="alignleft" width="300" caption="ဆရာ​ကျော်ရင်မြင့်​"][/caption] “လာမယ့်​နှစ်သစ်မှာ ကျ​နော်တို့​ မြန်မာနိုင်ငံသူနိုင်ငံသား​အား​လုံး​က ညီညီညွတ်ညွတ်နဲ့​ တိုင်း​ပြည်ထူ​ထောင်​ရေး​ကို အတူလက်တွဲပြီး​ လုပ်နိုင်ကြပါ​စေလို့​ ကျ​နော် ဆု​တောင်း​ပါတယ်။ နိုင်ငံကို ဦး​ဆောင်​နေတဲ့​ လူကြီး​ပိုင်း​ကလူ​တွေကလည်း​ မျှမျှတတ အ​မြော်အမြင်ရှိရှိနဲ့​ ပြည်သူလူထုကို ဦး​ဆောင်ပြီး​တော့​ အများ​အတွက် ​ကောင်း​ကျိုး​ဖြစ်မယ့်​ အလုပ်​တွေ ဦး​စား​ပေး​လုပ်နိုင်ကြပါ​စေလို့​ ဆု​တောင်း​ပါတယ်ဗျာ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024