ကပ္ပလီပင်လယ်ပြင်တွင် လာမည့် ၃၆ နာရီတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်
DVB
·
December 3, 2017
ကပ္ပလီပင်လယ်ပြင်မှာ လာမယ့် ၃၆ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အဲဒီမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး ပိုအားကောင်းလာနိုင်တာလို့ ဆိုပါတယ်။
မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ အရှေ့ဘက်က လေပြင်းတွေ တိုက်လို့ လှိုင်းကြီးနိုင်ပြီး ၁ နာရီကို ၃၅ မိုင်နှုန်းလောက်အထိ လေတိုက်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းတွေဟာ ၈ ပေလောက်အထိ မြင့်နိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ တနင်္သာရီတိုင်းမှာ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာမယ်လို့ ခန်မှန်းထားပါတယ်။