ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲ မဲရေတွက်မှု ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Supporters of Salvador Nasralla, presidential candidate for the Opposition Alliance Against the Dictatorship, clash with riot police as they wait for official presidential election results in Tegucigalpa, Honduras, November 30, 2017. REUTERS/Edgard Garrido
တောင်အမေရိက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ သမ္မတရွေးကောက်ပွဲ မဲရေတွက်မှုနဲ့ပတ်သက်ပြီး ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့လို့  အနည်းဆုံးလူ ၁ ဥင်္ီးသေဆုံးပြီး၊ လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ လူ ၁၀၀ ကျော်ဟာ မဲခိုးမှုကြောင့် ဖမ်းဆီးတာလည်းဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့က အငြင်းပွားဖွယ်ရှိနေကြတဲ့ ဆန္ဒမဲတွေကို ပြန်လည်ရေတွက်ဖို့ နောက်ထပ် ၂ ရက်လောက် ထပ်မံကြာမြင့်ဖွယ်ရှိပါတယ်။ ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲဟာ အမေရိကန် ကျေထောက်နောက်ခံပေးထားတဲ့ သမ္မတ ဟွန်အော်လန်ဒို ဟာနန်ဒက်ဇ် နဲ့ သူ့ရဲ့ ပြိုင်ဘက် ရုပ်သံနာမည်ကြီးတဦးဖြစ်တဲ့ ဆလာဗေဒို နက်စ်ရာလာ တို့အကြား အကြိတ်အနယ် ဖြစ်နေတာပါ။ သမ္မတရွေးကောက်ပွဲ မဲပေးပွဲ မဲရုံထက်ဝက်ခန့်ကို မဲရေတွက်အပြီးမှာ အတိုက်အခံ နက်စ်ရာလာက အသာရနေခဲ့ပေမယ့် မဲရေတွက်မှုကို ၃၆ နာရီရပ်ဆိုင်းအပြီး ပြန်လည်ရေတွက်ရာ နိုဝင်ဘာ ၃၀ ရက်မှာတော့ လက်ရှိသမ္မတက အနည်းငယ်အသာရသွားခဲ့တာပါ။ အခုလို ပြန်လည်မဲရေတွက်မှုဟာ နောက်ထပ်အချိန် ၂ ရက်အတွင်း ပြီးစီးဖွယ်ရှိပြီး အနိုင်ရသူကို ကြေညာနိုင်ဖွယ်ရှိတယ်လို့လည်း ရွေးကောက်ပွဲခုံသမာဓိရုံး ထိပ်ပိုင်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဒေးဗစ် မာတာမိုရိုက ပြောကြားပါတယ်။

More News
Up