Home
မြန်မာသတင်း
ရေနံမရွာက အညာဒေသ မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲ
DVB
·
December 2, 2017
မကွေးတိုင်းဒေသကြီး အထက်မင်လှမြို့နယ် ရေနံမကျေးရွာမှာ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီး အညာဒေသရဲ့ မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲကို ကျင်းပနေပါတယ်။ နွားအလှပြိုင်ပွဲဟာ အညာဒေသရဲ့ ပုံရိပ်ကို ထင်ဟပ်စေတဲ့ မြန်မာ့ရိုရာဓလေ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး မကျင်းပဖြစ်တာ ၁၈ နှစ်လောက်ရှိပြီဖြစ်တာကြောင့် ပြန်လည်ဖော်ဆောင် ကျင်းပပေးနေတာလို့ နွားအလှပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင် ဦးမောင်ပုက ဒီဗွီဘီကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီး အတွင်း မင်းလှ၊ မင်တုန်း၊ ကံမ၊ သရက်၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ စလင်း စတဲ့မြို့နယ်တွေက နွားအလှပြိုင်ပွဲ ဝါသနာရှင်တွေ လာရောက်ယှဉ်ပြိုင်ကြတယ်လို့ ဆိုပါတယ်။ ဆုအနေနဲ့ နွားသိုးဖလား၊ ချင်းစုံဖလား၊ တစ်ကောင်ပြေး ဖလားနဲ့ အခြားနှစ်သိမ့်ဆုတွေ ချီးမြှင့်မှာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း တနှစ်တကြိမ် ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့ ဦးမောင်ပုက ပြောပါတယ်။ မင်းလှမြို့နယ် ရေနံမကျေးရွာမှ ဦးသက်နိုင်က၊ အခုလိုနွားအလှပြိုင်ပွဲ ကျင်းပရတာဟာ တောင်သူတွေအနေနဲ့ နွားအလှလေးတွေကို တန်ဖိုးထားပြီး ပိုမိုမွေးမြူလာအောင်၊ နွားဈေးနှုန်းတွေ မြင့်တက်လာအောင် ပြုလုပ်ရတာလို့ ပြောပါတယ်။ နွားအလှပြိုင်ပွဲကို ရနံမရွာ သာသနဝေပုလ္လကျောင်း အတွင်းမှာရှိတဲ့ အတုလောကရံသီ စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲမှာ ထည့်သွင်းကျင်းပတာဖြစ်တယ်။ ဒီပွဲက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ရေနံမ အနောက်ကျောင်းဆရာတော် ဥူးနန္ဒမာလာ ဇပဏပွဲမှာ တကြိမ်ကျင်းပခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ရေပေါ်လေးကျေးရွာမှ နွားအလှပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်သူ ကိုရဲမင်းလွင်က "ရွာနီခြောက်စပ်တွေကလည်း လာကြတယ်။ ကျနော့်နွားက၊ တဖက်နွားကို လိုက်နိုင်ရင်တော့ အနိုင်ရမှာပေါ့။ ကောင်းတယ် ဒီပွဲလေးက ကျနော်တို့ဒေသရဲ့ ရိုးရာဓလေ့လေးတခုဖြစ်တယ်" လို့ ပြောပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024