Home
မြန်မာသတင်း
မိုးကောင်းတွင် ကျပ်သိန်း ၅၇၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
December 1, 2017
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်မှာ ကျပ်သိန်း ၅၇၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ ရဲအုပ်စိုးမြင့်ထွန်းက ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက် မနက် ၆ နာရက မိုးညှင်း မူးယစ်တပ်ဖွဲ့စု ၃ နဲ့ မိုးကောင်းမြို့မရဲစခန်း တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်ရုံးဟောင်းဈေးထိပ်မှာ စောင့်ဆိုင်းနေစဉ် ဒေါ်ခေါန်ဖန် မောင်းနှင်ပြီး နောက်မှ မမေရီဘောက်မိုင်တို့ လိုက်ပါလာတဲ့ အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရောင်စုံဘိန်းဖြူ ဆပ်ပြာခွက် ၅၅ ခွက်၊ အလေးချိန် ၅၅၀ ဂရမ် (ခန့်မှန်း) ကာလတန်ဖိုး ကျပ်သိန်း (၅၂၂၅၀၀၀၀) ကျော်ဖိုး ရှိတယ်လို့ ရဲအုပ်စိုးမြင့်ထွန်းက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ဒေါ်ခေါန်ဖန်အား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးတွေကို မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက် နောင်းပုံအုပ်စုနေ ဒေါ်ဆိုင်းရော်ထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းမှာ ဒေါ်ခေါန်ဖန်ရဲ့ နေအိမ်ကို မူးယစ်ဆေးဝါးရှာဖွေဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်း အနောက်ဘက်ခြံစည်းရိုးအစပ်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၁၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၅၅၀,၀၀၀ အား ရှာဖွေတွေ့ရှိခဲ့ရပြီး စုစုပေါင်း မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ်သိန်း ၅၇၇၅၀၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ မိုးကောင်းမြို့မရဲစခန်းက ဒေါ်ခေါန်ဖန်၊ မမေရီဘောက်နဲ့ ဒေါ်ဆိုင်းရော်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၁ အရ အရေးယူ ဆောင်ရွက်နေပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024