ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 1, 2017
မတ်ပဲ
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၄၆,၀၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး မန္တလေးပွဲစား ကုန်သည်၊ စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ပေါက်ဈေးကတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ် ကျော် ကွာခြားနေပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၃၂,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်နီးပါး ကွာခြားပါတယ်။
ကုလားပဲလုံး
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကုလားပဲလုံးကတော့ ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၁,၆၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၁၀၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၁၀,၀၀၀ ကျပ်ကျော် ကွာခြားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၉,၆၀၀ ကျပ်ကနေ ငွေကျပ် ၈၄,၄၀၀ ပေါက်ဈေးရှိနေပြီး မန္တလေးမှာတော့ ၁ အိတ်ကို ၈၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၄,၅၀၀ ပေါက်ဈေးရှိပါတယ်။ ၁ အိတ်ကို ၅,၀၀၀ ကျပ်နီးပါး ကွာခြားမှု ရှိပါတယ်။
နှမ်းညို
မန္တလေးပွဲစား ကုန်သည်၊ စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာ ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၉၉,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ အိတ်ကို ၈,၀၀၀ ကျပ် လောက် ကွာခြားမှု ရှိပါတယ်။
နှမ်းဖြူ
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ၁ အိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၇,၀၀၀ ပေါက်ဈေးရှိနေပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၁၀၃,၅၀၀ ကနေ ၁၅,၇၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA