ရှားပါးရောဂါတမျိုးကြောင့် ထိတ်လန့်ဖွယ်အသွင်ဖြင့် မွေးဖွားလာသည့် ကလေးငယ်

ဓာတ်ပုံ - Caters News Agency
2.5K
ရှားပါးတဲ့ ရောဂါလက္ခဏာတွေနဲ့ မျက်နှာတခြမ်းလုံး ထိတ်လန့်ဖွယ် အသွင်အပြင်နဲ့ မွေးဖွားလာခဲ့တဲ့ မိန်းကလေး ဇိုအီတစ်ဒ်ဝဲလ်ရဲ့ အဖြစ်ဟာ တကယ့်ကို သနားစရာပါ။
ကလေးငယ်ဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်မှာ မိဘတွေနဲ့ ရှိနေပြီး ခက်ခက်ခဲခဲ နေထိုင်ရပ်တည်နေရပါတယ်။
မျက်နှာပေါ်က အရိုးတွေဟာ ကျိုးနေခဲ့ပြီး ကြီးမားတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခြေအနေနဲ့ ဇိုဝီဟာ အသက်ကိုတောင် တကယ့်ကို ပင်ပန်းတကြီး ရှူသွင်းနေရတာပါ။
အသက် ၈ လအရွယ် ရှိနေပြီဖြစ်တဲ့ ဇိုဝီကို မွေးလာကတည်းက ပိုက်မှတဆင့် အစာရေစာ တိုက်ကျွေးခဲ့ရတာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရတာလို့ ဆိုပါတယ်။
အချိန်သီတင်းပတ် ၂၀ ကြာ အာလ်ထရာဆောင်းရိုက် စောင့်ကြည့်ကုသပေးခဲ့ရပြီး နောက်မှာတော့ ဆေးပညာရှင်တွေက ဒါဟာ ဘယ်တုန်းကမှ မကြုံခဲ့ဘူးတဲ့ ရှားပါးဖြစ်စဉ်တခု ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
ဒီရောဂါဟာ မျိုးဗီဇနဲ့ သန္ဓေပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ခုလိုဖြစ်ရတာဖြစ်ပြီး လိုအပ်တဲ့ ခရိုမိုဆုန်းတွေ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
မိခင်ဖြစ်သူ အသက် ၂၇ နှစ်အရွယ် မက်ဂန်ကတော့ “သမီးလေးဇိုဝီရဲ့ ရောဂါမျိုးဟာ တကယ့်ကို ရှားတောင့်ရှားပါးဖြစ်စဉ်မို့၊ ဒီလိုမျိုး ရောဂါကုသမှုမျိုး အရင်က မတွေ့ခဲ့ရဘူးလို့ ဆရာဝန်တွေက ပြောပါတယ်” လို့ ဆိုပါတယ်။
ကြီးမားတဲ့ ဘေးထွက်နှုတ်ခမ်းသား ၂ ခုဟာ ဘေးတဖက်တချက်ဆီမှာ အပြိုင်ရှိနေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ မျိုးဗီဇဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ကာ နောက် သုံးလေးလလောက်နေရင်တော့ အခြေအနေကို ပိုမိုသိရှိနိုင်မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။