လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ရန်ကုန်တက္ကသိုလ်၌ စတင်ဖွင့်လှစ် - ဓာတ်ပုံ
DVB
·
December 1, 2017
သုံးရက်တာ ကျင်းပမယ့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်မှာ ဒီဇင်ဘာ ၁ ရက် မနက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။
ဖွင့်ပွဲမှာ ဒုသမ္မတဦးမြင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပြီး လူငယ်တွေအတွက် အမှာစကား ပြောကြားတာတွေနဲ့ လူငယ်တွေ ဖန်တီးတီထွင်ထားတဲ့ လက်ရာတွေကို ကြည့်ရှုခဲ့ကြပါတယ်။