Home
မြန်မာသတင်း
ကပ္ပလီပင်လယ်ပြင် လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
December 1, 2017
မလေးကျွန်းဆွယ်နဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေပြီး၊  နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့မနက် ခန့်မှန်းထုတ်ပြန်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲနဲ့ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး  ရေပြင်၊ မြေပြင်လေဟာ တနာရီ မိုင် ၃၀ ထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ-မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024