အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဆူရင်ပစ်ဆူဝမ် ရုတ်တရက် ကွယ်လွန်

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဟောင်းတဦးလည်းဖြစ်တဲ့ ဆူရင်ပစ်ဆူဝမ်ဟာ နှလုံးတိုက်ခိုက်ခံရပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ သူဟာ ဘန်နခရိုင်တွင်းမှာ ကျင်းပတဲ့ ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံလုံးဆိုင်ရာ ဟလ်လာ (Halal) သတ်မှတ်ရေး အစည်းအဝေးမှာ မိန့်ခွန်းပြောဖို့ ပြင်ဆင်နေချိန်မှာ ရုတ်တရက်လဲကျသွားခဲ့တာပါ။ သူ့ကို ရမ်ခမ်းဟမ်ဆေးရုံဆီ အလျင်အမြန်ပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေ ဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆူရင်ကို ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ မောင်ခရိုင်၊ နခွန်ဆီသ မာရတ်ဒေသတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၆၈ နှစ်ရှိနေပြီ ဖြစ်ပါ တယ်။ သူဟာ ဟားဗတ်တက္ကသိုလ်နဲ့ ထိုင်းနိုင်ငံ သမားဆတ်တ်တက္ကသိုလ်တို့မှာ ပညာ သင်ယူခဲ့တာဖြစ်ပြီး နိုင်ငံရေးလောကထဲကို ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်အဖြစ် နဲ့ ၁၉၈၆ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဆူရင်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးပြီးနောက်မှာတော့ ၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံအနေနဲ့ ပထမဆုံးသော အာဆီယံအ ထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ ဈာပနအခမ်းအနားကိုတော့ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ နွန်သဘူ ရီခရိုင်၊ ဖတ်ခ်ခရက်တ်ဒေသတွင်းမှ သာအိထ်ဗလီမှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up