A d v e r t i s e m e n t With Us

အီဘရာဟီမိုဗစ် ရှိနေခြင်းသည် လူကာကူအတွက် ပြဿနာဖြစ်နေဟု ဖာဒီနန် သုံးသပ်

အီဘရာဟီမိုဗစ် ရှိနေတာက လူကာကူအတွက် ပြဿနာတခု ဖြစ်နေတယ်လို့ မန်ယူကစားသမားဟောင်း ဖာဒီနန်က သုံးသပ်ပြောကြားလိုက်ပါတယ်။ ရီယိုဖာဒီနန်ဟာ BT Sports မှာ အားကစား ဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်နေပြီး မန်ယူတိုက်စစ်မှာ အီဘရာဟီမိုဗစ်နဲ့ လူကာကူ တွဲကစားလို့ မရနိုင်ဘူးလို့ သူကဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ နာမည်ကြီးတိုက်စစ်မှူးတဦး မိမိနောက်မှာ ရှိနေချိန်မှာ ဖိအားဝင်နေတတ်တာကြောင့် လူကာကူအနေနဲ့ အီဘရာဟီမိုဗစ်နဲ့ တွဲကစားမယ်ဆိုရင် ဂိုးရဖို့ ဆက်ပြီး ရုန်းကန်ရနိုင်တယ်လို့ ဖာဒီနန်က သုံးသပ်ပါတယ်။ မန်ယူအသင်းဟာ ဝတ်ဖို့ဒ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ လူကာကူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ပွဲပြီးခါနီးမှာ ထည့်သွင်းကစားစေခဲ့တာပါ။ မန်ယူတိုက်စစ်မှူး လူကာကူဟာ ရာသီအစ ၁၁ ပွဲမှာ ၁၀ ဂိုးအထိ သွင်းခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးရဖို့ ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up