ကျောက်မီးသွေးတွင်းထဲမှ တရုတ်နိုင်ငံသားတဦးနှင့် မြန်မာတဦး၏ အလောင်းထပ်တွေ့ရှိ
DVB
·
November 30, 2017
မကွေးတိုင်း၊ မင်းဘူး/စကုမြို့နယ်၊ မန်းရွှေစက်တော်အနီး ဟန်ထက်ကျောက်မီးသွေး ကုမ္ပဏီက တူးဖော်ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးတွင်း မတော်တဆဖြစ်မှုမှာ ပိတ်မိကျန်ရှိနေတဲ့ တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာ ၁ ဦးတို့ရဲ့ အလောင်းတွေ နိုဝင်ဘာ ၂၉ ရက်က ထပ်မံဆယ်ယူရရှိပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်က ကျောက်မီးသွေးတွင်းကို ပို့လွှတ်တဲ့ လေပိုက်ပေါက်ကာ မြေထိန်းနံရံပြိုပြီး မြန်မာနဲ့ တရုတ်လုပ်သားတွေ ပိတ်မိနေခဲ့လို့ သက်ဆိုင်ရာက ရှာဖွေကယ်ထုတ်ခဲ့ရတာပါ။
ကျောက်မီးသွေးလုပ်သား တရုတ်နိုင်ငံသား ၃ ဦးအပါဝင် မြန်မာနိုင်ငံသား ၈ ဦး၊ အမျိုးသမီး ၁ဦး၊ ပေါင်း ၁၂ ဦး ပိတ်မိရာမှ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးနဲ့၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၇ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့တယ်လို့ ရဲအုပ်ခင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ မတော်တဆဖြစ်စဉ်နဲ့ ပတ်သက်လို့ ဟန်ထက် ကျောက်မီးသွေးလုပ်ကွက်ပိုင်ရှင် ဦးချစ်ဟန်နဲ့ လုပ်ငန်းတာဝန်ခံ ဦးအောင်ကျော်လင်းတို့ နှစ်ဦးကို စကုနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - မင်းထီး