A d v e r t i s e m e n t With Us

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကစားသမား ၃ ဦး ခေါ်ယူပေးရန် တောင်းဆို

မာကွင်ဟို
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ၃ ဦး ခေါ်ယူပေးဖို့ အသင်းဥက္ကဋ္ဌဆီ တောင်းဆိုထားတယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုခေါ်ယူဖို့ ပြောဆိုထားတဲ့ ကစားသမား ၃ ဦးကတော့ ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟို၊ ပီအက်စ်ဂျီကပဲ ဗလင်စီယာမှာ အငှားသွားကစားနေတဲ့ ပေါ်တူဂီ တောင်ပံကစားသမား ဂူဒက်စ်နဲ့ ဘီလ်ဘာအိုဂိုးသမား ကီပါတို့ဖြစ်တယ်လို့ ဆိုပါတယ်။ စီရော်နယ်ဒိုအနေနဲ့ လာလီဂါပွဲစဉ် ၉ ပွဲမှာ ဂိုး ၂ ဂိုးပဲ ရတဲ့အပေါ်မှာ စိတ်ပျက်နေပြီး ဒီနှစ်ရာသီမစခင်က ကစားသမားကောင်းတွေဖြစ်တဲ့ မိုရာတာ၊ ဂျိမ်းစ်ရိုဒရီဂွက်၊ ပီပီတို့ကို ရောင်းထုတ်လိုက်တာနဲ့ ပတ်သက်ပြီးလည်း ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ စီရော်နယ်ဒို တောင်းဆိုထားတဲ့ ၃ ဦးထဲမှာ ကီပါနဲ့ ဂူဒက်စ်တို့ကို ခေါ်ယူဖို့ အဆင်ပြေနိုင်ပေမယ့် ထိပ်တန်းအသင်းတွေ အလိုရှိနေတဲ့ ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုကို ခေါ်ယူဖို့တော့ အခက်တွေ့နိုင်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up