Home
မြန်မာသတင်း
တရုတ်အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောရန် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ထွက်ခွာ
DVB
·
November 30, 2017
တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တရုတ်အစိုးရရဲ့ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်က နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ တရုတ်ပြည်ကို ထွက်ခွာသွားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မယ်၊ ဘေကျင်းမြို့မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီများရဲ့ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရရဲ့ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကမ္ဘာ့နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ဘေဂျင်းမြို့မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၃ ရက်ထိ ကျင်းပမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024