မာနေးနှင့် ဆာလက်တို့၏ သွင်းဂိုးဖြင့် လီဗာပူးက စတုတ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 30 November, 2017
2.8K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက အဝေးကွင်းမှာ စတုတ်စီးတီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
လီဗာပူးအတွက် ဦးဆောင်ဂိုးကို ၁၇ မိနစ်မှာ တိုက်စစ်မှူး မာနေးက သွင်းယူပါတယ်။ ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ ၆ ပွဲမြောက်မှာ လီဗာပူးအတွက် ဂိုးပြန်သွင်းနိုင်တာပါ။
စတုတ်စီးတီးဟာ လတ်တလောမှာ ရလဒ်တွေမကောင်းလို့ နည်းပြ မာ့ဟုခ်ျလည်း ဖိအားတွေအောက် ကျရောက်နေပါတယ်။
ဒီပွဲမှာ လီဗာပူးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
လီဗာပူးအတွက် ဒုတိယဂိုးကို ၇၇ မိနစ်မှာ ဆာလက်က သွင်းယူပါတယ်။ အီဂျစ်တိုက်စစ်မှူး ဆာလက်ဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနေတာပါ။ လီဗာပူးအတွက် တတိယဂိုးကိုလည်း ဆာလက်ကပဲ သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ လီဗာပူးက ၂၆ မှတ်နဲ့ အဆင့် ၅ ကို တက်လာပြီး စတုတ်စီးတီးကတော့ ၁၃ မှတ်နဲ့ အဆင့် ၁၆ ကို လျှောကျသွားပါတယ်။