ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များ တရုတ်နိုင်ငံ သွားရောက်
DVB
·
November 29, 2017
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်တဲ့ ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာတရုတ်ကွန်မြူနစ်ပါတီနဲ့ ကမ္ဘာ့နိုင်ငံရေးပါတီတွေ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဒီနေ့ ထွက်ခွာသွားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး ဦးသန်းဌေးနဲ့အတူ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်နဲ့ အရန်ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့လည်း လိုက်ပါသွားတယ်လို့ ပါတီက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-USDP