A d v e r t i s e m e n t With Us

ရီးရဲလ်တောင်ပံကစားသမား ဘေးလ် အသင်းနှင့် လေ့ကျင့်ခန်းပြန်ဆင်း

ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပါတယ်။ ဂါရတ်ဘေးလ်ဟာ တံကောက်ကြောနဲ့ ခြေသလုံးဒဏ်ရာ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲစဉ် ၁၁ ပွဲကို လွဲချော်ခဲ့တာပါ။ လက်ရှိအချိန်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာကြောင့် ဘီလ်ဘာအိုနဲ့ကစားမယ့် စပိန်လာလီဂါပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပွဲထွက်ကစားနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် ရီးရဲလ်အသင်းက ရောင်းချဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့အေးဂျင့်ကတော့့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်အသင်းမှာပဲ ကစားသမားဘဝကနေ အနားယူတဲ့အချိန်အထိ ကစားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ဂါရတ်ဘေးလ်ရဲ့ အခြေအနေကို မန်ယူအသင်းက စောင့်ကြည့်နေပြီး အင်္ဂလန်မြေကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up