ရွှေကမ္ဘာလုံးဆုချီးမြှင့်ပွဲတွင် ဟာသ သရုပ်ဆောင် ဆက်သ်မေယာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်မည်

၂၀၁၈ ရွှေကမ္ဘာလုံး ရုပ်ရှင်နဲ့ တီဗွီဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန် ဟာသသရုပ်ဆောင် ဆက်သ်မေယာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဆက်သ်မေယာဟာ အန်ဘီစီရုပ်သံက ထုတ်လွှင့်တဲ့ Late Night with Seth Meyers အစီအစဉ်မှာ အစီအစဉ်မှူးလုပ်နေသူ ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံး ရုပ်ရှင်နဲ့ တီဗွီဆုချီးမြှင့်ပွဲကို လာမယ့် ဇန်နဝါရီလမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီပွဲဟာ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တွေ တက်ရောက်တဲ့ အကြီးမားဆုံး ဆုချီးမြှင့်ပွဲတွေထဲက တခုဖြစ်ပါတယ်။ အဲဒီကနေတဆင့် မတ်လမှာပြုလုပ်တဲ့ အော်စကာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲနဲ့ အဆုံးသတ်တာဖြစ်ပါတယ်။ ၂၀၁၈ ရွှေကမ္ဘာလုံး ရုပ်ရှင်နဲ့ တီဗွီ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အန်ဘီစီရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

More News
Up