အက်ရှ်လေယန်း နှစ်ဂိုးသွင်းပြီး မန်ယူက ဝတ်ဖို့ဒ်ကို ၄ ဂိုး ၂ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 29 November, 2017
2.4K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက အဝေးကွင်းမှာ ဝတ်ဖို့ဒ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအတွက် ဦးဆောင်ဂိုးကို ၁၉ မိနစ်မှာ အက်ရှ်လေယန်းက တဖက်နောက်ခံလူ ကာထားတဲ့ ကြားထဲကနေ သွင်းယူပါတယ်။ ဒုတိယဦးဆောင်ဂိုးကိုလည်း ၂၅ မိနစ်မှာ အက်ရှ်လေယန်းကပဲ ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပါတယ်။
မန်ယူက ဒီပွဲမှာ အဓိက ကစားသမား အများစုနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပေမယ့် ဝတ်ဖို့ဒ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။
မန်ယူအတွက် တတိယဂိုးကို ၃၂ မိနစ်မှာ တိုက်စစ်မှူး မာရှယ်က သွင်းယူပါတယ်။
ဝတ်ဖို့ဒ်အတွက် ပထမချေပဂိုးကိုတော့ ၇၇ မိနစ်မှာ မန်ယူနောက်တန်းက ရိုဂျိုရဲ့ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီကနေ ပေးလိုက်ရပါတယ်။ ဝတ်ဖို့ဒ်အတွက် ဒုတိယ ချေပဂိုးကို ၈၄ မိနစ်မှာ ထပ်မံသွင်းယူပါတယ်။
မန်ယူအတွက် အပိတ်ဂိုးကို ၈၆ မိနစ်မှာ လင်ဂတ်က သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ မန်ယူက ၃၂ မှတ်နဲ့ အဆင့် ၂ မှာ ရှိနေပြီး ဇယားထိပ်က တပွဲလျော့ မန်စီးတီးရဲ့နောက် ၅ မှတ်အကွာမှာ ရှိနေပါတယ်။ ဝတ်ဖို့ဒ်ကတော့ ၂၁ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။