Home
မြန်မာသတင်း
နာမည်ကြီးတံဆိပ်ပုဆိုးများ တရုတ်ကတင်သွင်းဟု ပြောဆိုခဲ့မှု လုပ်ငန်းရှင်များ ကန့်ကွက်
ရွှေအောင်
·
November 28, 2017
နာမည်ကြီးအမှတ်တံဆိပ် ပုဆိုးတွေဟာ တရုတ်နိုင်ငံက အော်ဒါမှာ တင်သွင်းပြီး ပြည်တွင်းမှာ တံဆိပ်ကပ် ပြန်ရောင်းတာလို့ ဂျာနယ်ကိုပြောကြားခဲ့တဲ့ မန္တလေးကုန်သည်စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌ ပြန်တောင်းပန်ဖို့ ပုဆိုးလုပ်ငန်းရှင်တွေ စုပေါင်းတောင်းဆိုလိုက်ကြပါတယ်။ နိုဝင်ဘာ ၂၈ ရက် နေ့စွဲနဲ့ မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်ကို ပေးပို့တောင်းဆိုထားတဲ့ စာထဲမှာ ဦးဂျမ်း၊ မင်းကြီးကြိုက် စတဲ့ နာမည်ကြီးပုဆိုးလုပ်ငန်းတွေ ပါဝင်ပြီး တရားဝင်ပြန်မရှင်းရင် တရားစွဲမယ်လို့လည်း ဖော်ပြပါတယ်။ မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးဝင်းဌေးက နာမည်ကြီး တံဆိပ်ပုဆိုးတွေ တရုတ်ကတင်သွင်းပြီး ပြည်တွင်းမှာ တံဆိပ်ကပ် ဖြန့်နေတာ နှစ်ချီကြာနေပြီလို့ ပြည်တွင်းထုတ်ဂျာနယ်ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဦးဝင်းဌေးကတော့ ပြည်တွင်းရက်ကန်းလုပ်ငန်းရှင်တွေ ပျောက်သွားမှာစိုးလို့ ရည်ရွယ်ဖြေကြားပေးခဲ့တာဖြစ်ပြီး ပုဆိုးလုပ်ငန်းရှင်တွေကို တောင်းပန်မယ်လို့ ပြောပါတယ်။ “ရက်ကန်းအသေးတွေ ပိတ်ကုန်မှာစိုးလို့ ကျနော်က ဇောင်းပေးရေးခိုင်းတော့ နာမည်ပါထည့်ပြီး လွှတ်လိုက်တော့ အေးရော၊ တောင်းပန်စာ ထည့်ပေးလိုက်မှာပါ။” မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာတွေမှာ တရုတ်ပုဆိုးတွေဆိုပြီး ဓာတ်ပုံနဲ့တကွ တင်လာကြတာ တွေ့ရပြီး အများဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024