A d v e r t i s e m e n t With Us

ဘီဘီစီ အကောင်းဆုံးအားကစားသမားဆု ဆန်ခါတင်စာရင်းတွင် အန်တိုနီဂျော်ရွှာ ဦးဆောင်နေ

ဓာတ်ပုံ - ပီအေ
ဘီဘီစီရဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမားဆု ဆန်ခါတင်စာရင်းမှာ ဗြိတိန် နာမည်ကြီး ဟဲဗီးဝိတ်ချန်ပီယံ အန်တိုနီဂျော်ရွှာက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ အိုလံပစ်ချန်ပီယံနဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟာ ပြီးခဲ့တဲ့ ဧပြီလက ဝလာဒီမာကလစ်ရှ်ကိုကို အနိုင်ရရှိခဲ့တာကြောင့် WBA နဲ့ IBO ရွှေခါးပတ်တို့ကို ထပ်မံရရှိခဲ့ပါတယ်။ ဒီရလဒ်တွေဟာ ဘီဘီစီကပေးအပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံးဆုရရှိဖို့ အခြေအနေ ကောင်းနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂျော်ရွှာဟာ အောက်တိုဘာလက IBF ရွှေခါးပတ်ကာကွယ်တဲ့ ပွဲစဉ်အဖြစ် ပြင်သစ်လက်ဝှေ့သမား တက်ကမ်နဲ့ ထိုးသတ်ပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါသေးတယ်။ ဒီဆုအတွက် အန်တိုနီဂျော်ရွှာကို အဓိက ဖိအားပေးနေခဲ့တဲ့ ကစားသမားတွေကတော့ လေးကြိမ်မြောက် ဖော်မြူလာဝမ်း ကားမောင်းသမားဆု ရရှိခဲ့တဲ့ ဟာမီလ်တန်ဖြစ်ပြီး နောက်ထပ်တယောက်ကတော့ Tour De France ဆု လေးကြိမ်ရ ခရစ်ဖရုမ်းတို့ပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up