ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 28, 2017
ကြက်သွန်နီ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂,၃၅၀ ကျပ်ကနေ ငွေကျပ် ၂,၉၅၀ ရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၂၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၇၀၀ ကျပ် ရှိပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၇၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၄၀၀ ကျပ်ကနေ ၇၇၀ ကျပ်ရှိပါတယ်။
ပဲပုတ်(ရှမ်း)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၅၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၈,၀၀၀ ရှိပါတယ်။
နှမ်းဖြူ(ခြုံ)
နှမ်းဖြူ(ခြုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၁၄၀,၀၀၀ ရှိပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၇၇၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA