A d v e r t i s e m e n t With Us

အစ္စရေးဆိပ်ကမ်းမြို့ ဂျက်ဖာတွင် ပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး လူ ၃ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးနိုင်ငံ ဆိပ်ကမ်းမြို့ ဂျက်ဖာမှာ နိုဝင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ တဲလ်အဗစ်မြို့ တောင်ပိုင်း အိမ်သုတ်ဆေးဆိုင်တခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် အဆောက်အဦ ပြိုကျခဲ့ရပါတယ်။ မီးလောင်မှုဖြစ်ပြီးနောက် အပြိုအပျက်တွေကြားက အလောင်း ၄ လောင်းကို တွေ့ရှိရတယ်လို့ တိုင်းမ်သတင်းဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ ပေါက်ကွဲမှုဟာ မတော်တဆမှုဖြစ်ပြီး ရာဇဝတ်မှု ဒါမှမဟုတ် အကြမ်းဖက်မှု မဟုတ်ဘူးလို့လည်း အစ္စရေးရဲတပ်ဖွဲ့ကို ကိုးကား ဖော်ပြခဲ့ပါတယ်။ အစ္စရေးသတင်းစာ ဟားရက်ဇ်မှာတော့ ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒဏ်ရာရသူတွေ ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ အစ္စရေးမီဒီယာကဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up