စီးရီးအေ အကောင်းဆုံးကစားသမားဆု ဘူဖွန် ဆွတ်ခူး

အီတလီဘောလုံးအော်စကာဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ Gran Gala del Calcio ပွဲမှာ ၂၀၁၆-၂၀၁၇ ရာသီအတွက် စီးရီးအေ အကောင်းဆုံး ကစားသမားဆုကို ဘူဖွန်က ဆွတ်ခူးသွားခဲ့ပါတယ်။ ဘူဖွန်အနေနဲ့ ဒီဆုကို ရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိကြောင်း၊ ဆုရရှိမယ်လို့ မမျှော်မှန်းခဲ့ကြောင်း၊ ဒါ့အပြင် အီတလီအသင်းကနေ အနားယူခဲ့ပေမယ့် သူ့နေရာမှာ အစားထိုးမယ့် ကစားသမား မရှိဘူးဆိုရင် အသက် ၆၀ ထိ ကစားပေးသွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘူဖွန်ဟာ တနှစ်တာ အကောင်းဆုံးဂိုးသမားဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရာသီ တနှစ်တာ အကောင်းဆုံးနည်းပြဆုကိုတော့ နာပိုလီနည်းပြ မူရီဇီယိုဆာရီက ဆွတ်ခူးသွားခဲ့သလို နောက်တန်းအကောင်းဆုံး ကစားသမားဆုတွေကိုတော့ ဂျူဗင်တပ်နောက်ခံလူဟောင်း အဲလ်ဗက်စ်၊ နာပိုလီနောက်ခံလူ ကိုလူဘာလီ၊ အေစီမီလန်ခံစစ်မှူး ဘိုနူချီ၊ ဂျူဗင်တပ်စ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုတို့က ဆွတ်ခူးသွားခဲ့ပါတယ်။ အကောင်းဆုံး အလယ်တန်းကစားသမားဆုတွေကိုတော့ ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်၊ နာပိုလီအသင်းခေါင်းဆောင် ဟမ်ဆစ်၊ ဂျူဗင်တပ်ကွင်းလယ်လူ ယာနစ်တို့က ဆွတ်ခူးရရှိခဲ့သလို အကောင်းဆုံး တိုက်စစ်မှူးတွေအဖြစ် ဂျူဗင်တပ် တိုက်စစ်အတွဲ ဟီဂူအင်၊ ဒိုင်ဘားလားနဲ့ နာပိုလီတိုက်စစ်မှူး မာတန်စ်တို့ ရရှိသွားခဲ့ပါတယ်။ လက်ရှိ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းရဲ့ ကစားသမားအများစုကပဲ ဆုတွေဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

More News
Up