လူအများအပြားကို သေနတ်ဖြင့်ပစ်ခတ်ရန် ကြံစည်နေသူအား သြစတြေးလျရဲတပ်ဖွဲ့ ဖမ်းဆီး

ဓာတ်ပုံ - Mark Stewart
1.7K
လာမယ့် နှစ်သစ်ကူးအကြိုကာလ မဲလ်ဘုန်းမြို့မှာ လူအများအပြားကို သေနတ်နဲ့ပစ်ခတ်ဖို့ ကြံစည်နေသူတဦးကို သြစတြေးလျ ရဲတပ်ဖွဲ့ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူဟာ ဆိုမာလီမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ အသက် ၂၀ အရွယ် သြစတြေးလျနိုင်ငံသား ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သူ့ကို နှစ်အစပိုင်းကတည်းက စောင့်ကြည့်နေတာဖြစ်ပြီး သူဟာ နှစ်သစ်ကူးအကြိုကာလ မဲလ်ဘုန်းဖက်ဒရေးရှင်းစကွဲယားမှာ လူအများအပြားကို သေနတ်နဲ့ပစ်ခတ်ဖို့ ကြံစည်နေတာဖြစ်တယ်လို့ ဒုတိယရဲမင်းကြီး ရှိန်းပတ်တန်က ပြောပါတယ်။
အဲဒီ ဖမ်းဆီခံရသူဟာ အကြမ်းဖက်လမ်းညွှန်စာအုပ်ဖြစ်တဲ့ အယ်ကိုင်းဒါးအာရေးဘီးယန်း-ပန်နီဆူလာက ထုတ်ဝေတဲ့ စာရွက်စာတမ်းတွေကို ဖတ်ရှုခဲ့တယ်လို့လည်း ရှိန်းပတ်တန်က ပြောပါတယ်။
ဖမ်းဆီးခံရသူကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းပြီးနောက် နိုဝင်ဘာ ၂၈ ဒါမှမဟုတ် ၂၉ ရက်မှာ မဲလ်ဘုန်း ရာဇဝတ်တရားရုံးမှာ ရုံးတင်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။