A d v e r t i s e m e n t With Us

အလောင်း ၈ လောင်းပါ သစ်သားလှေတစီး ဂျပန်ကမ်းခြေတွင် သောင်တင်

ဓာတ်ပုံ - Getty
အရိုးကျနေတဲ့ အလောင်း ၈ လောင်းပါ သစ်သားလှေတစီး ဂျပန်နိုင်ငံ အခိတခရိုင် ကမ်းခြေမှာ နိုဝင်ဘာ ၂၆ ရက်နေ့က လာရောက်သောင်တင်ခဲ့ပါတယ်။ ဒီသင်္ဘောကို ဖြတ်သွားဖြတ်လာတွေက နိုဝင်ဘာ ၂၄ ရက်နေ့ အစောပိုင်းတည်းက ပင်လယ်ထဲမှာ တွေ့ခဲ့ကြလို့ ဂျပန် ကမ်းရိုးတန်းစောင့်တပ် (JCG) က မှတ်မိနေခဲ့တယ်၊ ဒါပေမယ့် ရာသီဥတုဆိုးရွားလို့ အနားမကပ်နိုင်ခဲ့ဘူးလို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက်မှာ ဂျပန် ကမ်းရိုးတန်းစောင့်တပ်က သွားရောက်စစ်ဆေးရာမှာတော့ သင်္ဘောက မိယာဇာဝါကမ်းခြေမှာ လာပြီး သောင်တင်နေတာ တွေ့ခဲ့တာပါ။ ဒီလှေနဲ့ အလောင်းတွေ ဘယ်ကရောက်လာတယ်ဆိုတာ စစ်ဆေးနေတယ်လို့ JCG က ပြောပါတယ်။ အရင်ကလည်း ဂျပန်နိုင်ငံမှာ အလားတူဖြစ်ရပ်တွေ ဖြစ်ဖူးပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က စဒိုကျွန်းမှာ မြောက်ကိုရီးယားက လာတာလို့ သံသယရှိတဲ့ သစ်သားလှေ အစိတ်အပိုင်းတွေနဲ့ အမျိုးသားတဦးရဲ့ အလောင်းကို ကမ်းရိုးတန်းစောင့်တပ်က တွေ့ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ ဂျပန်မြောက်ပိုင်း မာရီနာ ပင်လယ်ကမ်းခြေက လှေတစီးနားမှာ မြောက်ကိုရီးယား အမျိုးသား ၈ ဦးကို တွေ့ခဲ့ပါတယ်။ သူတို့ဟာ ဘက်ပြောင်းတာထက် လှေပြဿနာတက်တဲ့ ငါးဖမ်းသမားတွေ ဖြစ်ပုံရတယ်လို့ ရဲတွေက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up