ကော်တင်ဟိုကိုရောင်းပြီး အသင်း ပြင်ဆင်ရမည့်အချိန် ရောက်နေပြီဟု ပြော

ဓာတ်ပုံ - ရိုက်တာ
ကော်တင်ဟိုကို ရောင်းချပြီး အသင်းကို ပြင်ဆင်ရမယ့်အချိန် ရောက်နေပြီလို့ ဝါရင့်အားကစားကလောင်ရှင် အီယန်လေဒီမန်းက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ကော်တင်ဟို မရှိပေမယ့်လည်း ရပ်တည်နိုင်ပြီး မာနေးနဲ့ ဆာလက် နှစ်ဦးဟာ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နောက်ခံလူနဲ့ ကွင်းလယ်ကစားသမားတွေ ဝယ်ယူဖြည့်တင်းသင့်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးအသင်းအနေနဲ့ အကောင်းဆုံးတိုက်စစ်နဲ့ ကွင်းလယ်ကစားသမားတွေ ရှိနေပေမယ့်လည်း နောက်တန်းပြဿနာတွေ ရှိနေတာကြောင့် အသင်းဟာ ထင်သလောက် အောင်မြင်ခြင်းမရှိဘူးလို့ လေဒီမန်းက သုံးသပ်ခဲ့တာပါ။ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်မှာတော့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အလားအလာ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

More News
Up