Home
မြန်မာသတင်း
ဆူနာမီသတင်း​ တင်ပြချက်
DVB
·
April 11, 2012
မြန်မာအလုပ်သမား​များ​အ​ခြေအ​နေနှင့်​ပတ်သက်ပြီး​ ​မေး​မြန်း​ချက် မြန်မာပြည်က ​ရွေ့​ပြောင်း​အလုပ်သမား​တွေ သိန်း​ချီရှိ​နေတဲ့​ ထိုင်း​နိုင်ငံ အ​နောက်ဘက်ပင်လယ်ကမ်း​ခြေ​ဒေသက ခရိုင် ၆ ခုမှာ ဆူနာမီလှိုင်း​တွေ ဝင်​ရောက်နိုင်လို့​ လူ​တွေကို ​ဘေး​ကင်း​ရာ ​နေရာ​တွေကို ​ရွှေ့​ပြောင်း​ကြဖို့​ ထိုင်း​နိုင်ငံက သဘာဝ​ဘေး​အန္တရာယ်သတိ​ပေး​ဌာနက ညွန်ကြား​ချက် ထုတ်ပြန်ထား​ပါတယ်။ ထိုင်း​နိုင်ငံ​တောင်ပိုင်း​ ဖန်ငခရိုင် ​ခေါင်လတ်ကမ်း​ခြေမှာ ရှိ​နေတဲ့​ အလုပ်သမား​ အကူအညီ​ပေး​ရေး​ (Grassroot HRE) အဖွဲ့​က ညွန့်​ကြား​ရေး​မှူး​ ဦး​ထူး​ချစ်ကို ထိုင်း​စံ​တော်ချိန် ၆ နာရီမှာ ​(မြန်မာစံ​တော်ချိန် ၆ နာရီ ၃၀ မိနစ်) မေး​မြန်း​ထား​ပါတယ်။ “အဓိက​တော့​ ဖန်ငကို ဝင်မယ်ဆို​တော့​ ကျ​နော်တို့​ဖန်ငကလည်း​ ၂၀၀၄ ခုနှစ်က ဆူနာမီဖြစ်တဲ့​ထဲမှာ အကြီး​မား​ဆုံး​သေတယ်ဆို​တော့​ ​ဒေသခံ ထိုင်း​လူမျိုး​တွေ၊​ ဧည့်​သည်နိုင်ငံခြား​သား​တွေ၊​ ​ရွှေ့​ပြောင်း​မြန်မာအလုပ်သမား​တွေကို ​ဘေး​ကင်း​ရာ​ပေါ့​၊​ အ​တွေ့​အကြုံရှိထား​တော့​ ​ရှောင်ပြီး​တော့​ ​တောင်ကုန်း​မြင့်​တဲ့​ ​နေရာ​တွေမှာ လိုက်​ပြေး​နေရတယ်။” ​ဘေး​ကင်း​ရာဆိုတာ ဘယ်လို​နေရာမျိုး​တွေရှိလဲ။ “အဓိက​တော့​ ​ဘေး​ကင်း​ရာဆိုတာ ​တောင်နဲ့​နီး​တဲ့​နေရာ၊​ ပင်လယ်နဲ့​ဝေး​တဲ့​နေရာ၊​ ​နောက်တခုကလည်း​ အ​တွေ့​အကြုံအရ ဆူနာမီနဲ့​ ပတ်သက်ပြီး​ လှုံ့​ဆော်​ပေး​တဲ့​အဖွဲ့​တွေကလည်း​ ဘယ်နား​က အဆင်​ပြေနိုင်တယ်ဆိုတာမျိုး​၊​ အ​ဆောက်အဦး​တွေ​ပေါ့​၊​ ​ကျောင်း​တွေ၊​ ဥပမာ ကျ​နော်တို့​ဆိုရင် မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေက ကျ​နော်တို့​ရဲ့​ စာသင်​ကျောင်း​တွေမှာ လာ​နေကြတယ်။ သက်ဆိုင်ရာ ကျ​နော်တို့​ရဲ့​ ရုံး​ကား​တွေနဲ့​ အကုန်လုံး​သွား​စောင့်​ပေး​နေရတာ၊​ လိုအပ်တာ​တွေ လိုက်​ပြော​ပေး​နေရတာ​တွေ လုပ်တာ​ပေါ့​။ ဒါ​ပေမယ့်​ အ​ကြောက်မလွန်ဖို့​တော့​ အ​ရေး​ကြီး​တယ်။ ဒီ​နေ့​က ​ဈေး​နေ့​ဆို​ပေမယ့်​ လူ​တွေက မရှိ​တော့​ဘူး​။ အကုန်လုံး​ပြေး​လွှား​ကြရင်း​ ​ဈေး​လည်း​ပိတ်သွား​ပြီ။” ​ဒေသမီဒီယာ​တွေက ​ရေဒီယို​တွေ၊​ အက်ဖ်အမ်​တွေက အသိ​ပေး​နေတာ ရှိလား​။ သိ​ကောသိကြရဲ့​လား​။ “ပြဿနာက ဒီမှာ ကျန်တဲ့​ဘာသာ​ပေါင်း​ ၁၀ ​ကျော်​လောက်နဲ့​ သူတို့​ဆူနာမီနဲ့​ ပတ်သက်ပြီး​တော့​ အသိ​ပေး​မှု၊​ လှုံ့​ဆော်မှု​တွေလုပ်တယ်။ သူတို့​ရဲ့​ အ​ရေး​ပေါ်လိုင်း​လည်း​ သတ်မှတ်​ပေး​ထား​တယ်။ ၁၇၈၄ ဆိုတာ အချိန်မ​ရွေး​ ​မေး​လို့​ရတယ်။ ဒါ​ပေမယ့်​ ပြဿနာက ကျန်တဲ့​ဘာသာစကား​တွေ ရှိ​ပေမယ့်​ မြန်မာဘာသာစကား​ မပါဘူး​။ မြန်မာအလုပ်သမား​တွေ အ​နေနဲ့​တော့​ အခက်အခဲရှိတာ​ပေါ့​။” အခု ကိုထူး​ချစ်​ရောက်​နေတဲ့​ ​နေရာမှာ ရှိသမျှ အလုပ်​တွေ မြန်မာအလုပ်သမား​တွေ လုပ်​နေတဲ့​ အလုပ်​တွေ​ကော ရပ်ထား​တဲ့​ အ​ခြေအ​နေ ​တွေ့​ရလား​။ “လုပ်ငန်း​ရှင်​တွေကိုယ်တိုင်လည်း​ စိုး​ရိမ်တယ်။ သူတို့​စုဖွဲ့​ပြီး​တော့​ လမ်း​ဘေး​တွေ လမ်း​မ​တွေမှာ ကား​တွေရပ်ပြီး​တော့​ အဆင်သင့်​ ပြင်​နေကြတယ်။ ပင်လယ်ကမ်း​ခြေမှာရှိတဲ့​ စား​သောက်ဆိုင် လုပ်ငန်း​တို့​၊​ တချို့​ပန်း​ရန်​တွေလုပ်​နေတဲ့​ လူ​တွေ၊​ တည်း​ခိုခန်း​မှာ လုပ်​နေတဲ့​ မြန်မာ၊​ ထိုင်း​အလုပ်သမား​တွေ​ကော ​ဘေး​လွတ်ရာကို ​ရှောင်​နေကြတယ်။” မီဒီယာ​တွေက ​ပြောတာက ဆူနာမီသတိ​ပေး​ချက် ​ပေး​ထား​ပြီး​ပြီလား​။ “​ပေး​ထား​ပြီး​ပြီ။ ကျ​နော်တို့​ ဒီ​နေ့​ ၃ နာရီ ၄၀ ​လောက်က စ​ပြောတယ်။ ပြင်ဆင်ဖို့​၊​ မြင့်​တဲ့​နေရာမှာ ​ဘေး​လွတ်ရာမှာ သွား​ဖို့​ဆိုတာမျိုး​၊​ အခုကလည်း​ ​တောက်​လျှောက် အချိန်ပြည့်​သတင်း​က​တော့​ ​ကြေညာ​ပေး​နေတာရှိတယ်။ ထိုင်း​ဘာသာစကား​နဲ့​။” ဗမာ​တွေက သယ်ယူပို့​ဆောင်​ရေး​က အစစအရာရာ ဘယ်လို​တွေ့​ရလဲ၊​ အဆင်​ပြေနိုင်လား​။ “အဓိက​တော့​ သူတို့​က ထိုင်း​ဘာသာစကား​ကို သိပ်မတတ်​တော့​ သူတို့​ရဲ့​ သူ​ဌေး​တွေ၊​ သူတို့​ရဲ့​လုပ်​ဖော်ကိုင်ဖက် ထိုင်း​တွေက ​ပြောတဲ့​ပုံစံမျိုး​မှာ လိုက်ပြီး​ပြေး​ရှောင်​နေတာ​တွေရှိတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​အဖွဲ့​အစည်း​နဲ့​ နီး​စပ်တဲ့​ မြန်မာအုပ်စုမှာ​တော့​ ကျ​နော်တို့​ကိုယ်တိုင်က အ​ကြောင်း​ကြား​ပြီး​တော့​ တတ်နိုင်သမျှ ​ရှောင်​နေဖို့​ လက်လှမ်း​မှီတဲ့​နေရာ​တော့​ ကျ​နော်တို့​ ​ဘေး​လွတ်ရာကို ကြိုပို့​ထား​တယ်။ ကျ​နော်တို့​ကျောင်း​တွေမှာ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​ လာ​နေတာ​တွေ့​ရတယ်။” ဘယ်​လောက်​လောက်ရှိပါသလဲ။ “ဖန်ငခရိုင်တခုလုံး​ဆိုရင် အများ​ကြီး​ပေါ့​။ တရား​ဝင်​ကော၊​ တရား​မဝင်ပါ သိန်း​နဲ့​ချီတဲ့​ မြန်မာအလုပ်သမား​တွေရှိပါတယ်။ ဆူနာမီ​ပြေး​တဲ့​နေရာမှာ​တော့​ အလုပ်သမား​တော့​ ​သောင်း​နဲ့​ချီပြီး​ ရှိမယ်။ ​နေရာ​တွေက ပြန့်​ကျဲ​နေတယ်။ တချို့​က​တော့​ ကိုယ့်​သူ​ဌေး​တွေနဲ့​ ကား​တွေနဲ့​ သွား​ရှောင်​နေကြတယ်။”   ထိုင်း​နိုင်ငံမှာလည်း​ ဆူနာမီ သတိ​ပေး​ချက် ထုတ်ပြန် မြန်မာစံ​တော်ချိန် ၆ နာရီ ၃၀ မိနစ် အင်ဒိုနီး​ရှား​နိုင်ငံ ဆူမား​တြား​ကျွန်း​မှာ ငလျင်လှုပ်သွား​ပြီး​တဲ့​နောက် ထိုင်း​နိုင်ငံ သဘာဝ​ဘေး​အန္တရာယ် သတိ​ပေး​ရေး​ဌာနက ကပ္ပလီပင်လယ် ကမ်း​ခြေတ​လျှောက်က ​ဒေသခံ​တွေနဲ့​ ကမ္ဘာလှည့်​ခရီး​သည်​တွေကို ​ဘေး​လွတ်ရာ​ရှောင်ကြဖို့​ သတိ​ပေး​ချက်ထုတ်ပြန်လိုက်ပါတယ်။ အ​မေရိကန် ဘူမိ​ဗေဒ စစ်တမ်း​အဖွဲ့​မှ ပြန်လည်တိုင်း​ထွာချက်များ​အရ ငလျင်ပြင်း​အား​ ၈ ဒဿမ ၇ ရှိပြီး​ အင်ဒိုနီး​ရှား​ ဘန်ဒါ အာ​ချေး​မြို့​ရဲ့​ ၄၃၁ ကီလိုမီတာအထိ ရိုက်ခတ်ခဲ့​တယ်လို့​ သိရပါတယ်။ ထိုင်း​နိုင်ငံ ဘန်​ကောက်က အထပ်မြင့်​ အ​ဆောက်အဦ ရုံး​ခန်း​တွေမှာ ၃ မိနစ်က​နေ ၅ မိနစ်​လောက်ထိ ငလျင်​ကြောင့်​ တုန်ခါမှု​တွေ ကြုံခဲ့​ရပြီး​ ထိုင်း​နိုင်ငံ ​တောင်ပိုင်း​ဒေသ​တွေမှာလည်း​ အလား​တူ တုန်ခါမှု​တွေကို ခံစား​ခဲ့​ရပါတယ်လို့​ ထိုင်း​နိုင်ငံ MCOT ဝက်ဘ်ဆိုဒ်မှာ ​ဖော်ပြထား​ပါတယ်။ ကပ္ပလီပင်လယ်ကမ်း​ခြေတ​လျှောက်က ဖူး​ကက်၊​ ကရာပိ၊​ ဖန်င၊​ ရ​နောင်း​၊​ ထရန်နဲ့​ ဆတွန်ခရိုင်​တွေမှာ ​ဒေသခံ​တွေကို ​ဘေး​လွတ်ရာ ကုန်း​မြင့်​တွေဆီ ​ရွှေ့​ပြောင်း​ကြဖို့​ ထိုင်း​နိုင်ငံ သဘာဝ​ဘေး​အန္တရာယ်ဗဟိုဌာန ညွှန်ကြား​ရေး​မှူး​ ဆွန်မ်ဆက် ​ခေါက်ဆူဝမ်က ပြည်သူ​တွေကို တိုက်တွန်း​နှိုး​ဆော်ထား​ပါတယ်။ ဆူနာမီသတိ​ပေး​ချက် ထွက်လာပြီး​နောက်မှာ ဖူး​ကက်နိုင်ငံတကာ​လေဆိပ်ကို ပိတ်ထား​လိုက်ပြီး​ ​လေ​ကြောင်း​ခရီး​စဉ်​တွေကိုလည်း​ ည​နေ ၄ နာရီကတည်း​က ဖျက်သိမ်း​ထား​ပြီး​ပြီလို့​ ထိုင်း​နိုင်ငံ ​လေဆိပ်ဥက္ကဋ္ဌ အနီရုသ် ထနုံမ် ကူလ်ဘာ့​တ်က ​ပြောပါတယ်။ ဖူး​ကက်မှာရှိတဲ့​ ကမ္ဘာလှည့်​ခရီး​သည်​တွေနဲ့​ ​ဒေသခံပြည်သူ​တွေဟာ ​ဘေး​လွတ်ရာ ကုန်း​မြင့်​တွေဆီ အ​ဆောတလျင် ​ရွှေ့​ပြောင်း​နေကြပြီ ဖြစ်ပါတယ်။   မိုး​ဇလတာဝန်ရှိသူကို ​မေး​မြန်း​ချက် မြန်မာစံ​တော်ချိန် ည​နေ ၆ နာရီ ၁၅ မိနစ် ဆူနာမီ​ရေလှိုင်း​တွေ တက်လာနိုင်တယ်လို့​ မိုး​လေဝသဌာနက ​ကြေညာချက် ထုတ်ပြန်ထား​ပေမယ့်​ ည​နေ​ခြောက်နာရီထိ ထူး​ခြား​မှုမရှိ​သေး​ဘူး​လို့​ မိုး​ဇလ လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်က ​ပြောပါတယ်။     ဆူနာမီအန္တရာယ် မရှိ​ကြောင်း​ အင်ဒိုနီး​ရှား​ သမ္မတ​ပြော ​မြန်​မာ​စံ​တော်​ချိန်​ ​ည​နေ​ ​၆​ ​နာ​ရီ ဆူနာမီသတိ​ပေး​ချက် ထုတ်ပြန်ထား​ပေမယ့်​ ဆူနာမီအန္တရာယ် မရှိပါဘူး​လို့​ အင်ဒိုနီး​ရှား​ သမ္မတ ဆူဆီလို ဘန်ဘန်း​ ယူဒိုယိုနိုက ​ပြောပါတယ်။ အင်ဒိုနီး​ရှား​နိုင်ငံကို အလည်အပတ်​ရောက်ရှိ​နေတဲ့​ ဗြိတိန်ဝန်ကြီး​ချုပ် ​ဒေး​ဗစ်ကင်မရွန်က ဗြိတိန်နိုင်ငံအ​နေနဲ့​ လိုအပ်ရင် ကူညီဖို့​အသင့်​ပါပဲလို့​ ကမ်း​လှမ်း​ပြောဆိုလာပါတယ်။ ငလျင်လှုပ်သွား​တဲ့​ အာ​ချေ​ဒေသက ထိခိုက်ပျက်စီး​မှု အစီရင်ခံစာ​တွေ မတက်လာ​သေး​ဘူး​ လို့​လည်း​ အင်ဒိုနီး​ရှား​သမ္မတက ​ပြောပါတယ်။ “အာ​ချေ​ဒေသက အ​ခြေအ​နေကို​တော့​ ထိန်း​ချုပ်လိုက်နိုင်ပါပီ။ ရုတ်တရက်​ကြောက်လန့်​ပီး​ ​ခြေဦး​တည့်​ရာ ထွက်​ပြေး​တာမျိုး​ရှိ​ပေမယ့်​ လူ​တွေဟာ ကုန်း​မြင့်​တွေ​ပေါ် ​ရောက်​နေကြပါတယ်လို့​” ယူဒိုယိုနိုက ​ပြောလိုက်ပါတယ်။

 

အင်ဒိုနီး​ရှား​ ဘန်ဒါအာ​ချေး​ဒေသတွင် ဆူနာမီ သတိ​ပေး​ချက်ထွက်​ပေါ်

အင်ဒိုနီး​ရှား​နိုင်ငံ ဆူမား​တြား​ကျွန်း​ရဲ့​ ​မြောက်ဘက် ဘန်ဒါအာ​ချေး​ဒေသမှာ ပြင်း​အား​ ၈ ဒသမ ၉ ရှိတဲ့​ ငလျင်တခု ပင်လယ်​ရေ​အောက်မှာ လှုပ်ခတ်သွား​ပြီး​နောက်မှာ ဆူနာမီ သတိ​ပေး​ချက် ထွက်လာခဲ့​ပါတယ်။ အဲဒီ​ဒေသက သူတို့​ရဲ့​ ​နေအိမ်​တွေ ရုံး​ခန်း​တွေကို စွန့်​ခွာပြီး​ ထွက်​ပြေး​လာတဲ့​ဒေသခံ​တွေကို ​ဘေး​လွတ်ရာကို ပို့​ဆောင်​ပေး​နေပါတယ်။ အာ​ချေး​ခရိုင်မှာ လူ​တွေဟာ ကုန်း​မြင့်​တွေ​ပေါ်မှာ စု​ဝေး​နေကြပြီး​ အချက်​ပေး​ဥဩသံ​တွေနဲ့​ အန္တရာယ်ကို သတိ​ပေး​နေကြတယ်လို့​ အင်ဒိုနီး​ရှား​ ​ဘေး​အန္တရာယ် စီမံခန့်​ခွဲ​ရေး​ ​အေဂျင်စီက ​ပြောပါတယ်။ ဆူနာမီသတိ​ပေး​ချက်ကို အိန္ဒိယသမုဒ္ဒရာ နယ်​မြေတခုလုံး​အတွက် ထုတ်ပြန်လိုက်တာဖြစ်ပြီး​ ဆူနာမီ ​ရေလှိုင်း​ ဖြစ်နိုင် မဖြစ်နိုင်ကို ​သေချာမသိ​သေး​ပါဘူး​လို့​ ပစိဖိတ်ဆူနာမီ ဗဟိုဌာနက ဆိုပါတယ်။ ဒါ​ပေမယ့်​ သင့်​လျော်တဲ့​ဆောင်ရွက်ချက်​တွေ လုပ်ထား​သင့်​တယ်လို့​ တာဝန်ရှိသူ​တွေက ဆိုပါတယ်။ ငလျင်ဒဏ်ကို ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​တော်နဲ့​ အိန္ဒိယနိုင်ငံ ​တောင်ပိုင်း​တွေမှာလဲ ကြုံ​တွေ့​နိုင်တယ်လို့​ ​ဒေသခံ​တွေက ဆိုပါတယ်။ အာ​ချေး​ဒေသဟာ ပုံမှန်အား​ဖြင့်​ ငလျင်လှုပ်​လေ့​ရှိပါတယ်။ ဒီ​နေ့​ လှုပ်သွား​တဲ့​ငလျင်ဟာ ၂၀၀၄ ခုနှစ်တုန်း​က ဆူနာမီ ​ရေလှိုင်း​ဒဏ်ခံခဲ့​ရတဲ့​ ထိုင်း​၊​ သီရိလင်္ကာနဲ့​ အိန္ဒိယနိုင်ငံ​တွေပါ ကြုံ​တွေ့​ရတယ်လို့​ ​ပြောဆိုကြပါတယ်။ ထိုင်း​မှာ​တော့​ ဆူနာမီသတိ​ပေး​ချက် မထုတ်ပြန်​သေး​ဘူး​လို့​ ထိုင်း​မိုး​လေဝသဌာန ဒု - အကြီး​အကဲ ဆွမ်ချိုင်း​ ဘိုင်မွန်း​က ​ပြောပါတယ်။ ကပ္ပလီပင်လယ်ပြင် ကမ်း​ခြေတ​လျှောက်မှာ ခရိုင်အရာရှိ​တွေက လိုအပ်ရင် ​ဘေး​လွတ်ရာ ​ရွှေ့​ပြောင်း​ပေး​ဖို့​လဲ ပြင်ဆင်​နေပါတယ်။ ဘင်္ဂလား​ဒေ့​ရှ်မှာ​တော့​ ဆူနာမီအန္တရာယ် ဖြစ်နိုင်​ခြေ မ​တွေ့​ရ​သေး​ဘူး​လို့​ အာဏာပိုင်​တွေကလည်း​ ​ပြောကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024