ATM စက်များတွင် ဘဏ်မတူဘဲ ငွေထုတ်ပါက ဝန်ဆောင်ခ တိုးမြှင့်ကောက်ခံမည်

3K
ငွေထုတ်ဘဏ်ကတ်တွေကနေ ကိုယ့်ဘဏ် မဟုတ်တဲ့ တခြားဘဏ်တွေက ATM ငွေထုတ်စက်တွေမှာ ငွေထုတ်ယူတဲ့အခါ ပေးရတဲ့ ဝန်ဆောင်ခကို တိုးမြှင့်တော့မယ်လို့ MPU (Myanmar Payment Union) က ကြေညာပါတယ်။
လက်ရှိမှာ ငွေတသိန်းထုတ်ရင် ၂၀၀ ကျပ် ကောက်ခံနေရာက ဇန်နဝါရီ ၁ ရက်ကစပြီး ငွေတသိန်း ထုတ်ရင် ၅၀၀ ကျပ် ကောက်ခံဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
MPU စနစ်ဟာ အဖွဲ့ဝင်ထားတဲ့ ဘဏ်တွေက ငွေထုတ်ကတ်တွေနဲ့ အဲဒီဘဏ်တွေရဲ့ ငွေထုတ်စက်တွေ အားလုံးမှာ ထုတ်ယူနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
မိမိကတ်လုပ်ထားတဲ့ ဘဏ်ရဲ့စက်မှာ ငွေထုတ်ရင် အဖိုးအခ မပေးရပေမယ့် တခြားဘဏ်က စက်တွေမှာ ထုတ်ရင်တော့ သတ်မှတ်အခငွေကို ဖြတ်တောက်မှာ ဖြစ်ပါတယ်။
ပြီးတော့ ဒီကတ်တွေကို လက်ခံတဲ့ ဆိုင်နဲ့ ဈေးဝယ်စင်တာတွေမှာလည်း ငွေချေနိုင်ပါတယ်။
လက်ရှိမှာ MPU အဖွဲ့ဝင်ဘဏ် ၂၃ ခု ရှိပြီး ငွေထုတ်ကတ်တွေ ထုတ်ဝေနေတဲ့ ဘဏ်ကတော့ ၁၇ ခု ရှိပါတယ်။