မန်ယူတိုက်စစ်မှူး မာရှယ်ကို ပေါင်သန်း ၈၀ ဖြင့်ခေါ်ယူရန် ရီးရဲလ် စီစဉ်

1.9K
ရီးရဲလ်မက်ရစ်အသင်းဟာ လာမယ့်နွေရာသီမှာ မန်ယူတိုက်စစ်မှူး မာရှယ်ကို ပေါင်သန်း ၈၀ နဲ့ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ရီးရဲလ်နည်းပြ ဇီဒန်းအနေနဲ့ အရည်အသွေးမြင့် လူငယ်တိုက်စစ်မှူးတဦး အလိုရှိနေတာကြောင့် မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဘဲဖြစ်နေတဲ့ မာရှယ်ကို ပစ်မှတ်ထားလာတာပါ။
ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကလည်း မိုနာကိုတိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက လက်ဦးမှု ရယူသွားတာပါ။
အသက် ၂၁ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ ၅ ဂိုး သွင်းယူထားပေမယ့် ၅ ပွဲပဲ ပွဲထွက်ကစားခွင့် ရထားပါတယ်။
မန်ယူအသင်းအနေနဲ့ မာရှယ်ကို အခုထက်ပိုပြီး ပွဲထွက်ခွင့်မပေးဘူးဆိုရင် ကစားသမားဘက်ကလည်း ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။