Homeမြန်မာသတင်း
ပုပ်ရဟန်းမင်းကြီးနှင့် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် တွေ့ဆုံမည်
ပုပ်ရဟန်းမင်းကြီးနှင့် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် တွေ့ဆုံမည်
DVB
·
November 28, 2017
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဒီကနေ့မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မနေ့ညက ပုပ်ရဟန်းမင်းကြီးကို ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ စိန့်မေရီ ဘုရားကျောင်းမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဖိနှိပ် ဆက်ဆံမှုတွေ လုံးဝမရှိသဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားကြောင်း၊ တပ်မတော်ဟာ ငြိမ်းချမ်းရေးထိမ်းသိမ်းဆောင်ရွက်နေပြီး တိုင်းရင်းသားအချင်းချင်း ခွဲခြားဆက်ဆံမှုတွေလည်း မရှိဘူးလို့ ပြောကြောင်း ထုတ်ပြန်ထားပါတယ်။
ပုပ်ရဟန်းမင်းကြီးကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေတာကို သိရတဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ မြန်မာပြည်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆုတောင်းစကား ပြောခဲ့တယ်လို့ ဆိုထားပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပြီး ညပိုင်းမှာ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။