နည်းပြ မွန်တဲလားကို အေစီမီလန်အသင်း ထုတ်ပယ်

1.9K
အီတလီ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ နည်းပြ မွန်တဲလားကို မနေ့က ထုတ်ပယ်လိုက်ပါတယ်။
အထုတ်ခံရတဲ့ နည်းပြ မွန်တဲလားရဲ့နေရာမှာ နည်ပြးသစ်အဖြစ် ကွင်းလယ်ကစားသမားဟောင်း ဂတ်တူဆိုကို ခန့်အပ်လိုက်ပါတယ်။
နည်းပြ မွန်တဲလားဟာ အိမ်ကွင်းမှာ တိုရီနိုအသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲအပြီး အထုတ်ခံရတာပါ။
မီလန်ဟာ ဒီနှစ်ရာသီမှာ ကစားသမား အပြောင်းအရွှေ့အတွက် ဒေါ်လာ သန်း ၂၀၀ ကျော် သုံးစွဲထားပေမယ့်လည်း ရလဒ်တွေမကောင်းဘဲ အဆင့် ၇ နေရာမှာပဲ ရပ်တည်နေပါတယ်။
နည်းပြသစ်ဖြစ်လာတဲ့ အသက် ၃၉ နှစ်အရွယ် ဂတ်တူဆိုဟာ ဆွစ်ဇာလန်ကလပ် ဆီယွန်၊ စီးရီးဘီကလပ် ပါလာမိုနဲ့ အေစီမီလန် လူငယ်အသင်းတို့မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
အေစီမီလန်အသင်းဟာ စီးရီးအေ ချန်ပီယံဆုကို ၁၈ ကြိမ်နဲ့ ဥရောပ ချန်ပီယံဆုတွေကို ၇ ကြိမ် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။