Home
မြန်မာသတင်း
နိုင်ငံခြားသား သတင်းထောက် ၂ ဦးကို လ.ဝ.က ဥပဒေဖြင့် ထပ်မံတရားစွဲ
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 27, 2017
လွှတ်တော်အဆောက်အုံအား ခွင့်ပြုချက်မရှိ ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးစားတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်၊ စကားပြန် ၁ ဦးနဲ့ ယာဉ်မောင်းတို့ကို သွင်းကုန် ပို့ကုန် ဥပဒေပုဒ်မ ၈ နဲ့ တရားစွဲထားတဲ့ အမှုအတွက် ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။ ရုံးထုတ်စစ်ဆေးရာမှာ  ပုဒ်မ ၈ ကို ပယ်ဖျက်ပေးဖို့ လျှောက်လဲချက်တင်ထားတာ မအောင်မြင်တဲ့အပြင် နိုင်ငံခြားသား သတင်းထောက် ၂ ယောက်ကို ၁၉၄၇ ခုနှစ် လ.ဝ.က အက်ဥပဒေ ပုဒ်မ ၁၃(၁) နဲ့ပါ ထပ်မံတရားစွဲလိုက်တာပါ။ ပုဒ်မ ၁၃(၁) ဟာ ငွေဒဏ် ၁၅၀၀ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။ သူတို့ ၄ ယောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က လေကြောင်းအက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် ၂ လစီ ချမှတ်ခံခဲ့ရပြီး သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ ကို တရားရင်ဆိုင်နေရတာပါ။ အောက်တိုဘာ ၂၇ ရက်နေ့က လွှတ်တော်အနီးမှာ ခွင့်ပြုချက်မယူဘဲ ဒရုန်းလွှတ်တင်ခဲ့တာကြောင့်  တူရကီအခြေစိုက် TRT သတင်းဌာန  စင်ကာပူရုံးခွဲက  နိုင်ငံခြားသား သတင်းထောက် ၂ဦး အပါအဝင် ၄ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024