ပုပ်ရဟန်းမင်းကြီးအား ရန်ကုန်မြို့တွင် ကြိုဆိုနေသည့်မြင်ကွင်း (ဓာတ်ပုံ)
DVB
·
November 27, 2017
မြန်မာနိုင်ငံကို ဒီကနေ့မွန်းလွဲပိုင်းက ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ မြန်မာပြည်သူတွေက စောင့်ဆိုင်း ကြိုဆိုခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မနက်ဖြန်နေပြည်တော်ကိုဆက်လက်သွားရောက်ကာ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။
နိုဝင်ဘာ ၂၉ ရက်မှာတော့ ရန်ကုန် ကျိုက္ကဆံအား ကစားကွင်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့စီစဉ်ထားတာကြောင့် အနယ်နယ်အရပ်ရပ်က ကတ်သလစ်ခရစ်ယာန် ဘာသာဝင်တွေဟာ ရန်ကုန်မြို့ကို ရောက်နေကြပါတယ်။