A d v e r t i s e m e n t With Us

မြန်မာယူ ၂၃ အသင်း မွန်ဂိုလီးယားကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနဲ့ မွန်ဂိုလီးယား လက်ရွေးစင်အသင်းတို့ မနေ့ညနေက  ရန်ကုန် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲမှာ မြန်မာအသင်းက မွန်ဂိုးလီးယားကို  ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ပထမပိုင်း ပွဲချိန် ၉ မိနစ်မှာ  မွန်ဂိုလီးယားအသင်းက တောင်ပံကစားသမား Tsagaantsooj က ခေါင်းတိုက်သွင်းယူလို့ ဦးဆောင်ဂိုး စရရှိခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာ မွန်ဂိုလီးယားက Galt က ခေါင်းတိုက်ကာ ဒုတိယအနိုင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာတော့ မြန်မာနောက်ခံကစားသမား သီဟထက်အောင် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၇၈ မိနစ်မှာ အသင်းခေါင်းဆောင် စည်သူအောင်က ပြစ်ဒဏ်ဘောကတဆင့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက်က ကစားခဲ့တဲ့  မြန်မာ ယူ ၂၁ အသင်းနဲ့ မွန်ဂိုလီးယား လက်ရွေးစင် အသင်းတို့ ပွဲစဉ်တုန်းကတော့  မြန်မာ ယူ ၂၁ အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up