A d v e r t i s e m e n t With Us

တရုတ်လူမျိုးများ မဝင်ရ ပိုစတာအတွက် ဂျပန်အလှကုန်ကုမ္ပဏီ တောင်းပန်

ဂျပန်နိုင်ငံ တိုကျိုမြို့ရောက် တရုတ်ခရီးသွားအချို့။ (ဓာတ်ပုံ - ဘလွန်းဘာ့ဂ်)
ဂျပန်နိုင်ငံ ပိုလာ (Pola) မိတ်ကပ်ကုမ္ပဏီ ဆိုင်ခွဲတခုရဲ့ ပြတင်းတံခါးမှာ တရုတ်လူမျိုးများ မဝင်ရဆိုတဲ့ ပိုစတာ ကပ်ထားတဲ့ ဓာတ်ပုံ တရုတ် လူမှုကွန်ရက်တခုပေါ်မှာ တင်လိုက်လို့ ဒီ လူမျိုးခွဲခြားရေး ပိုစတာအတွက် ကုမ္ပဏီက တောင်းပန်လိုက်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံက ဧည့်သည်တွေ ဈေးဝယ်တာကို ဇောင်းပေးပြီး ခရီးသွားလုပ်ငန်း အောင်မြင်အောင် တိုးချဲ့ဖို့ ကြိုးစားနေချိန်မှာ ဒီပိုစတာ ပျံ့နှံ့မှုဟာ နိုင်ငံရဲ့ တချို့နေရာတွေက နိုင်ငံခြား ခရီးသွားဧည့်သည်တချို့ ဒေါသဖြစ်စေမယ့် မီးမောင်းထိုးပြမှုလို့ ဆိုပါတယ်။ ပိုလာကုမ္ပဏီကတော့ ဒီလို လူမျိုးရေးခွဲခြားပြီး စော်ကားထားတဲ့ ပိုစတာက ဘယ်နေရာမှာ တင်ထားတယ်၊ ဒါမှမဟုတ် အဲ့ဒီပိုစတာထဲက အကြောင်းအရာက ဘာတွေလဲဆိုတာ အသေးစိတ်မပြောဘဲ ဒီ မသင့်တော်တဲ့ ပိုစတာပုံတွေကို နိုဝင်ဘာ ၂၄ ရက်နေ့က တရုတ်လူမှုကွန်ရက်တွေပေါ် ဖြန့်ဝေနေကြတယ်လို့ ကုမ္ပဏီက ၂၅ ရက်မှာ ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာလည်း ထိုင်ဝမ်နဲ့ တရုတ်လူမှုကွန်ရက်တွေပေါ်မှာ ပိုလာကုမ္ပဏီရဲ့ ဆိုင်တဆိုင် ပြတင်းပေါက်ပေါ် “တရုတ်လူမျိုးများ မဝင်ရ” ဆိုတဲ့ ဂျပန်ဘာသာ လက်ရေးနဲ့ ရေးထားတဲ့ ပိုစတာရဲ့ ပုံတွေက ပျံ့နှံ့ခဲ့တာပါ။ ဂျပန်နိုင်ငံ တဝှမ်းလုံးမှာ ဆိုင်ခွဲပေါင်း ၄၆၀၀ ရှိတဲ့ ကုမ္ပဏီက လူအတော်များများ မသက်မသာဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်စေတဲ့အတွက် တောင်းပန်တယ်လို့ ပြောလိုက်ပြီး ဒီပိုစတာကိုလည်း ဖယ်ရှားပစ်မယ်လို့ ပြောခဲ့ပါတယ်။ “အချက်အလက်တွေကို အတည်ပြုပြီးတာနဲ့ ဆိုင်မှာ တိတိကျကျ အပြစ်ပေးမယ်” လို့ ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာ ထိပ်ဆုံးမှာ တရုတ်၊ ဂျပန်စာတွေနဲ့ ရေးထားတယ်လို့လည်း သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ထောက်ခံမှုအရ ဖြစ်လာတဲ့ ၂၀၂၀ မှာကျင်းပမယ့် တိုကျိုအိုလံပစ်မတိုင်ခင် တရုတ်ခရီးသွား အများအပြားလာဖို့ မျှော်မှန်းထားလို့ ပိုလာကုမ္ပဏီက သူတို့ရဲ့အမှားကို ဝန်ခံခဲ့တာပါ။ ဂျပန်နိုင်ငံက ခရီးသွားလုပ်ငန်း အောင်မြင်အောင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ရည်မှန်းထားပုံရလို့ တရုတ်နိုင်ငံ ခရီးသွားတွေအတွက် ဗီဇာစည်းမျဉ်းစည်းကမ်းတွေကို လျှော့ချဖို့ စဉ်းစားနေတယ်လို့လည်း ဒီနှစ်အစောပိုင်းမှာ သတင်းအရင်းအမြစ်တချို့က ရိုက်တာသတင်းဌာနကို ပြောတယ်လို့ သိရပါတယ်။ ဂျပန်ယန်းငွေတန်ဖိုး လျော့လာတာကို တရုတ်ခရီးသွား တော်တော်များများက အမြတ်ထုတ်ပြီး ဂျပန်ကို အလည်သွားဖို့ စည်းမျဉ်းတွေကလည်း လွယ်ကူလာလို့ တရုတ်ခရီးခရီးသွားတွေ ဂျပန်နိုင်ငံမှာ အကြီးအကျယ် ဈေးဝယ်ကြပြီး အဲ့ဒီအထဲမှာ မိတ်ကပ်အလှကုန်ပစ္စည်းတွေက အဝယ်ဆုံးလို့ သိရပါတယ်။ တရုတ်တွေကို စော်ကားတဲ့ ဂျပန်ကုမ္ပဏီထဲမှာ ပိုလာကုမ္ပဏီရဲ့အဖြစ်က ဒီနှစ်ထဲမှာ ပထမဦးဆုံးဖြစ်ခဲ့တာ မဟုတ်ပါဘူး။ တိုကျိုအခြေစိုက် အေပီအေအုပ်စု ဟိုတယ်လုပ်ငန်းကလည်း ဒီနှစ်ထဲမှာပဲ တရုတ်လူမျိုးတွေကို စော်ကားခဲ့သေးတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up