A d v e r t i s e m e n t With Us

ဟက်ဒါဖီးလ်ဒ် ၁ – ၂ မန်စီးတီး၊ ဘန်လေ ၀ – ၁ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အဖြစ် တန်းတက် ဟက်ဒါဖီးလ်ဒ်နဲ့ မန်စီးတီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီး၊ ဂိုးကန်သွင်းခွင့်တွေမှာ အသာစီးရယူနိုင်ခဲ့ပါတယ်။ ပွဲချိန်ပထမပိုင်းမှာ မန်စီးတီးအသင်းရဲ့ အပိုင်ကန်သွင်းချက်တချို့ကို ဟက်ဒါဖီးလ်ဒ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဟက်ဒါဖီးလ်ဒ်ဘက်က ကန်သွင်းခဲ့တဲ့ ထောင့်ကန်ဘော မန်စီးတီး နောက်ခံလူ အော်တာမန်ဒီနဲ့ ထိပြီး ဂိုးဝင်သွားလို့ ပထမပိုင်းမှာ ဟက်ဒါဖီးလ်ဒ်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲစပြီး တမိနစ်ကျော်အကြာမှာ မန်စီးတီး ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး တိုက်စစ်မှူး အဂွေရိုက အမှားအယွင်းမရှိ ကန်သွင်းပြီး မန်စီးတီး ချေပဂိုးရခဲ့ပါတယ်။ ဒီ့နောက် မန်စီးတီးကပဲ အနိုင်ဂိုးရဖို့ ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာ တိုက်စစ်မှူး စတာလင်က အနိုင်ဂိုးသွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်စီးတီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြပြီး မန်စီးတီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး စတာလင်ကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
မနေ့ညကပဲ ယှဉ်ပြိုင်သွားတဲ့ ဘန်လေနဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာတော့ အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာရခဲ့ပေမယ့် ဘန်လေရဲ့ မာမာထန်ထန် တုံ့ပြန်ကစားမှုကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီးရတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး ဆန်းချက်က အပိုင်ကန်သွင်းပြီး ရယူပေးခဲ့တာပါ။ ပွဲစဉ် ၁၃ ကစားအပြီးမှာတော့ မန်စီးတီးက ရမှတ် ၃၇ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်ထားနိုင်ပြီး အာဆင်နယ်က ၂၅ မှတ်နဲ့ အဆင့် ၄၊ ဘန်လေက ၂၂ မှတ်နဲ့ အဆင့် ၇၊ ဟက်ဒါဖီးလ်ဒ်က ၁၅ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up