ဖလားအားလုံး ဆွတ်ခူးနိုင်မည့်အချိန်ရောက်ပြီဟု ဒီဘရိုင်းပြော

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကီဗင်ဒီဘရိုင်းက အခုရာသီဟာ ဖလားအကုန်လုံးကို ဆွတ်ခူးနိုင်မယ့်အချိန် ရောက်ရှိနေပြီလို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီဘရိုင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ရောက်ရှိလာချိန်ကတည်းက ပရီးမီးယားလိဂ်ဖလားတလုံးသာ ဆွတ်ခူးနိုင်ခဲ့တာကြောင့် အခုအချိန်မှာတော့ ဖလားအကုန်လုံးရမယ်လို့ တပ်အပ်မပြောနိုင်ပေမယ့်လည်း ယုံကြည်ချက်ရှိရင် ဖလားအကုန်လုံး ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ခြေစွမ်းပြနေသလို မန်စီးတီးအသင်း ၁၇ ပွဲကစားပြီး ၁၆ ပွဲအနိုင်ရရှိအောင် အဓိကစွမ်းဆောင်ပေးထားတဲ့ ကစားသမားတဦးလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာလည်း ၅ ပွဲစလုံးအနိုင်ရရှိထားပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

//
More News
Up