Live
Home
မြန်မာသတင်း
မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများသာ ၀င်ထွက်ခွင့်ရှိ
DVB
·
November 26, 2017
မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားများသာ ၀င်ထွက်ခွင့်ရှိသေးကြောင်း မောတောင်လ၀ကမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မောတောင်မြို့ နယ်စပ်ဖြတ်သန်းဂိတ်မှ ယာယီနယ်စပ်ဖြတ် သန်းခွင့်နဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေ ထုတ်ယူကာ နှစ်နိုင်ငံအတွင်း သွားလာခွင့် ရှိပေမယ့် နယ်စပ်ဂိတ်မှာ အထူးယာယီအဆင့်သာရှိသေးလို့ တတိယနိုင်ငံသားတွေကို ဖြတ်သန်းခွင့် မပေးသေးဘူးလို့ သိရပါတယ်။ “မောတောင်မြို့ကနေ ထိုင်းနိုင်ငံဆင်းခွန်ကို ယာယီနယ်စပ်ဖြတ်သန်းခွင့်ဖြစ်တဲ့ TBP ၊ နယ်စပ်ဖြတ်သန်းခွင့်ဖြစ်တဲ့ BP တွေနဲ့ ဖြတ်သန်းသွားလာနေကြတာ နိုဝင်ဘာလအထိ BP (နယ်စပ်ဖြတ်ကျော်ကတ်) က ၃၈၂၀၊ TBP (ယာယီနယ်စပ်ဖြတ်ကျော်ကတ်) က ၅၂၅၀ ရှိပါတယ်။ ထိုင်းနိုင်ငံသားတွေ လာရောက်လည်ပတ်တာက BP နဲ့ဆိုရင် ၉၀၉၊ TBP ဆိုရင် ၅၃၅၂ ရှိပါတယ်။ ယခင်နှစ်ကထက်စာရင်လမ်းတွေ ပိုကောင်းလာလို့ လည်ပတ်တဲ့သူတွေ များလာပါတယ်” လို့ မောတောင်လ၀ကမှူး ဦးအောင်ထွန်းမြင့် ကပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မောတောင်ဂိတ်မှ ဝင်ရောက်လည်ပတ်သူတွေထဲက ထိုင်းနိုင်ငံ သားတွေဟာ မြန်မာနိုင်ငံမှာ ၁၃ ည ၁၄ ရက် လည်ပတ်ခွင့်ရှိပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ မူဆင်းခွန်ဂိတ်မှာ အထူးယာယီနယ်စပ်ဂိတ်ဖြစ်လို့ ၃ ညအိပ် ၄ ရက်ခရီးသာ လည်ပတ်ခွင့်ရှိကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024