A d v e r t i s e m e n t With Us

တရုတ်တက္ကသိုလ်ကျောင်းသူ ကလေးမွေးပြီး လွှင့်ပစ်၊ ကလေးငယ်သေဆုံး

တရုတ်နိုင်ငံ တက္ကသိုလ်ကျောင်းဆောင်တခုမှာ ကျောင်းသူတဦး အခန်းထဲ ကလေး တိတ်တဆိတ်မွေးပြီး လေးထပ်ရဲ့ပြတင်းပေါက်ကနေ မွေးကင်းစကလေးကို လွှင့်ပစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ဘက် ရှီယန်အင်ဂျင်နီယာကောလိပ်မှာ ၁၉ နှစ်အရွယ်ကျောင်းသူ မိခင်က ကလေးကို စောင်နဲ့ထုတ်ပြီး ညဥ့်နက်ချိန်မှာ ပြတင်းပေါက်ကနေ လွှင့်ပစ်ခဲ့တာကြောင့် ကျောင်းဆောင်အနီး လမ်းကြားတခုထဲမှာ ကလေးသေနေတာကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ ကလေးရဲ့မိခင်က နောက်တနေ့မနက်မှာ သူမရဲ့အတန်းကို ပုံမှန်ပဲ တက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဘယ်နေ့မှာ ဖြစ်ခဲ့တယ်ဆိုတာ သတင်းမှာ မဖော်ပြပေမယ့် လွှင့်ပစ်ခံထားရတဲ့ ကလေးရဲ့ဓာတ်ပုံကတော့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာပါ။ ရဲတွေကတော့ ကလေးကို ပြတင်းပေါက်က မလွှင့်ပစ်ခင်ကတည်းက ကလေး သေခဲ့တာလား လွှင့်ပစ်ပြီးမှ သေတာလားဆိုတာ စုံစမ်းနေကြပါတယ်။ ကလေးမိခင်က ဉာဏ်ကောင်းပြီး “ဘယ်တုန်းကမှ အတန်းမပျက်ဖူးဘူး။ သူမက နည်းနည်းဝပြီး ဆောင်းတွင်းအင်္ကျီတွေ ဝတ်ဆင်ထားလို့ သူမ ကိုယ်ဝန်ရှိတယ်လို့လည်း ဘယ်သူကမှ မသိကြဘူး” လို့ ဆရာမတဦးက မက်ထရိုပိုလီတန်ရဲတွေကို ပြောသလို နောက်ကျောင်းသူ တဦးကလည်း ကလေးမိခင်က ကလေးငယ်တွေရဲ့ပညာရေးဆိုတဲ့ ဘာသာရပ်ကို အရင်က လေ့လာသင်ယူခဲ့သူလို့လည်း ပြောပါတယ်။ ကျောင်းသူရဲ့မိဘတွေလည်း သူမ ကိုယ်ဝန်ဆောင်ခဲ့တာ မသိဘူးလို့ သတင်းထုတ်ပြန်ထားပြီး ကျောင်းဆောင်လုံခြုံရေးက လမ်းကြားထဲမှာ သွေးတွေအများကြီးတွေ့လို့ သွားကြည့်ရာက ကလေးကို တွေ့ခဲ့တာ၊ ကလေးက အသက်ရှင်တဲ့ လက္ခဏာလည်း မရှိဘူးဆိုတာ လုံခြုံရေးက အတည်ပြုခဲ့တယ်လို့ ကန်ကန်သတင်းမှာ ဖော်ပြထားပါတယ်။ ကလေးမိခင်ကို ကလေးသေဆုံးသွားတဲ့ ဆေးရုံဆီ ခေါ်ဆောင်သွားပြီး ရဲတွေက ကလေးသေဆုံးရတဲ့ အခြေအနေတွေကို စုံစမ်းနေသလို ကလေးမိခင်ကို တရားစွဲဖို့ မစွဲဖို့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။ ရှန်ရှီးခရိုင်ရဲ့မြို့တော် ရှီယန်မြို့က မြေထည်လုပ်ငန်း လုပ်ကိုင်တာနဲ့ နီးလို့ ခရီးသွားတွေ မကြာခဏ လာလည်ကြတယ်လို့ မေရာသတင်းမှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up