ပါရီတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြ

2K
ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီမှာ ကျားမ ကွဲပြားမှုအပေါ် မူတည်ပြီး မမျှမတ ဆက်ဆံမှုနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ကန့်ကွက်တဲ့အနေနဲ့ မနေ့က လူရာနဲ့ချီပြီး ချီတက် ဆန္ဒပြပါတယ်။
အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာနေ့ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ထိန်းချုပ်ရေး အစီအမံတွေကို သမ္မတ အီမန်နျူယယ် မက်ခွန်းက ဖွင့်ချပြောဆိုအပြီး ပါရီမြို့လယ်မှာ နာရီနဲ့ချီပြီး ကြာတဲ့ ဆန္ဒပြခဲ့တာပါ။
မက်ခွန်းရဲ့ ကြေညာချက်ထဲမှာ ကာမရာဂစိတ် ဖြစ်အောင် လှုံ့ဆော်တဲ့ အရာတွေ အကြောင်း အထက်တန်းကျောင်းသူ ကျောင်းသားတွေကို ပညာပေးတာနဲ့ အဓမ္မပြုကျင့် တိုက်ခိုက်မှုအကြောင်း ရဲကို တိုင်ကြားတဲ့ စနစ်တွေ ပါဝင်ပါတယ်။
အမျိုးသမီးဝါဒီ အုပ်စုတွေက မက်ခွန်းရဲ့ ကြေညာချက် တချို့ကို လက်ခံပေမယ့် တချို့ကတော့ မလုံလောက်ဘဲ ရန်ပုံငွေ ပိုလိုအပ်လိမ့်မယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံက ဟာဗေး ဝိန်းစတိန်းရဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်မှုကြောင့် ပြင်သစ်မှာ ကာမဆိုင်ရာ နှိပ်စက်ရန်လိုမှုနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်စဉ်းစား သုံးသပ်ဖို့ အရှိန်တက်လာခဲ့ပါတယ်။