ပင်းတယတွင် ဓနုအမျိုးသား ညီလာခံ ကျင်းပ
DVB
·
November 26, 2017
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၇ ရက်အထိ ပထမဆုံးအကြိမ် ဓနုအမျိုးသားညီလာခံကို ကျင်းပပြုလုပ်နေပါတယ်။
အဲဒီညီလာခံကို မြို့နယ် ၁၅ မြို့နယ်လောက်က လူဦးရေ ၁၀၀၀ လောက် တက်ရောက်ပြီး တခုတည်းသော ဓနုအမျိုးသားအဖွဲ့ချုပ် ပေါ်ပေါက်လာဖို့အတွက် ကျင်းပနေကြတာပါ။
နိုဝင်ဘာ ၂၆ ရက်နေ့ ပထမနေ့မှာ ဓနုအမျိုးသားအလံကို မဲခွဲဆုံးဖြတ်တာ၊ ဓနုအမျိုးသားနေ့ကို မဲခွဲဆုံးဖြတ်တာနဲ့ ဓနုအမျိုးသားသီချင်းကို မဲခွဲဆုံးဖြတ်တာတွေ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၇ ရက် ဒုတိယနေ့မှာတော့ ဓနုတိုင်းရင်းသားတစ်ရပ်လုံးကို ဦးဆောင်ဦးရွက်ပြုမယ့် အဖွဲ့ဖြစ်တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌက လက်တလော လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြတာတွေ ပြုလုပ်မှာပါ။