A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် လီဗာပူး ၁-၁ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားရတဲ့ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ ပွဲမှာ ၁ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ်ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ အမှတ်ကွာဟာမှု မရှိဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာ တွေ့ရပါတယ်။ လီဗာပူးအသင်းဟာ အိမ်ကွင်းဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းမှုမှာ အသာရယူကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအတွက် ပထမ ဂိုးကိုတော့ အိမ်ရှင်အသင်းက တိုက်စစ်မှူး မိုဟာမက် ဆာလက်က ပွဲချိန် ၆၅ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၆ မိနစ်မှာ ၀ီလီယံက သွင်းယူခဲ့တာဖြစ်ပါတယ်။ မနေ့က အစောပိုင်းယှဉ်ပြိုင်ခဲ့ကြတဲ့ စပါးအသင်းနဲ့ ၀က်စ်ဘရွန်းအသင်းတို့ ပွဲစဉ်မှာလည်း ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးအသင်းက ၁၃ ပွဲကစား ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၃၊ စပါးအသင်းကတော့ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၄၊ လီဗာပူးအသင်းက ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၅ မှာ အသီးသီးရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up